ကျူကျူကျား ဒစ်လည်ပြီ
ကျူကျူကျား ဒစ်လည်ပြီ။
ကျူကျူကျား ဆုတွေကို ထန်းရည်ဆိုင်မှ ဘုံပိုင်အိမ်သာလို တဖျန်းဖျန်းနဲ့ ပေးနေတာမှာ ဘိုစာဖတ်အတွက် ဆုမပေးခဲ့။
ဘိုစာဖတ်ဆိုသည်မှာ အခြားမဟုတ် ကျူကျူကျား၏ ဆရာဖြစ်သည်။ ဘိုစာဖတ်ဆိုသည်မှာလဲ တစ်ချိန်က ဘာမေးရှားခြံတော်မှာ ကျူကျူကျားကဲ့သို့ သခင်ပြန်ဖိုက် ကော်ဇောမိုက်ခဲ့သူ။ ဘိုစာဖတ် အနားယူသွားချိန်မှ ကျူကျူကျားကို ခြံစောင့်ကြီးအဖြစ် ဘိုစာဖတ်က ခန့်ခဲ့သူဖြစ်သည်။
ကျူကျူကျားက ဘိုစာဖတ်ရဲ့ ဘုတ်အုပ်ကြီးကိုမှ အားမနာ နင်တုန်းကလဲ လုပ်ချင်သလိုလုပ် ငါလဲ လုပ်ချင်ရာလုပ်မယ်ဆိုကာ ဘိုစာဖတ်ကို လမ်းဘေးဓာတ်တိုင်အမှတ်နဲ့ ပန်းခဲ့သူဖြစ်သည်။
လူတွေကို ဆုများပေးခြင်းသည် ကျူကျူကျားအတွက် လွယ်လှသည် ယူချင်ယူ မယူချင်နေ ရော့အင့်ဆိုပြီး ပြီးပြီ။ ကွယ်လွန်ပြီးသူများတော့ ဆုငြင်းလို့မရ။
ဟော အခုတော့ ဝေဖန်နေကြပြီ။ ဘိုစာဖတ်ကိုကျ ဘာလို့ မပေးလဲတဲ့။ ကျူကျူကျား မည်သို့ ဖြေရမည်မသိ။
“ဟဲ့ မဲလုံး ငါကိုယ်တော် ဘယ်လို လုပ်ရမတုန်း”
တဝုဝုနဲ့တောင် မဲလုံး ပြန်မဖြေနိုင် တအီအီနှင့် လုပ်နေသည်။ အင်း ပြန်ဖြေလဲ ကိုယ်တွေက ဘာသာပြန်တတ်မှာမှ မဟုတ်တာ။
လူရာဝင်ချင်လို့ ဆုပေးပါတယ်။ ဆရာရင်း ဘိုစာဖတ်အတွက် ကျူကျူကျား ခေါင်းကိုက်ရသည်။
သူကိုယ်တိုင် ခိုးခိုးဂါခဲ့ရတဲ့ ဘိုစာဖတ်ကို သူဆုပေးရင် ဘိုစာဖတ်ကရော ကိုယ်တိုင်လာယူမှာလား။ ဘာဆုပေးရမယ် မသိ။ အိမ်ကဟာကြီး သွားပို့ပြီး ဂါရအောင်လဲ အဆင်ပြေမည်မထင်။
“ဟဲ့ မဲလုံး ပြောဦးဟ”
မဲလုံး တအီအီနှင့်သာ လုပ်နေသည်။ အင်း ပြန်ဖြေလဲ ကိုယ်တွေက ဘာသာပြန်တတ်မှာမှ မဟုတ်တာ။
မလုပ်ရဲတာ ဘာမှမရှိသည့် ကျူကျူကျားသည် ဒီတစ်ခုကိုတော့ ဘာလုပ်ရမယ်မသိ။
မီဒီယာများကလဲဖွသည် ကျူကျူကျားက ဘိုစာဖတ်ကို အဖက်မလုပ် ဂရုမစိုက်လို့ ဆုမပေးတာတဲ့။ ဝိုးဒယ် ဆုပေးရင်လဲ ဘိုစာဖတ်က အဖက်ပြန်မလုပ်ရင် ဘယ်လိုလုပ်မတုန်း။ နွားပျိုသန်လှ နွားအိုပေါင်ကျိုးဆိုသည်မှာလဲ ရှိသေးသကိုး။
သူကိုယ်တိုင် စလွယ်တော်ခိုးခိုးချီရသည်ဆိုတော့….။