ကျကုန်ပြီ ကျကုန်ပြီ

Author ပြည်စိုး
Categories
Published on Sep 03, 2023

အာမီရမ် တစ်ပိုင်းနဲ့ စည်ပိုင်းပြတ်ပေါ် ဇိမ်ကျနေတဲ့ ကျူကျူကျား ပျော်သွားတယ်။
ဟေ့.. ကျူကျူ ဇဗ္မူရစ်တထိပ် လျှာမလိပ်တဲ့ ခေါခေါပွပွ ကျူကျူရေ.. ဒီမောင် ခေါ်နေသဟ..၊
ကျူကျူကျား အပျော်လွန်ပြီး ဇနီးခေါလေး ကျူကျူ့ကို ရှာပပေါ့..
ကျူကျူ့မှာလည်း ဒီတစ်ပတ် ကြေးမုံသတင်းစာအမှီ သူများကဗျာတွေ စာတွေခိုးကူးပြီး ဘာကလောင် ညာကလောင်နဲ့ တစ်ခွဲကြီးကြွယ်ချင်လို့ .. ထရံစုတ်ဘေး မီးသွေးခဲနဲ့ စာရေးနေတော့ မကြားလိုက်..။
ပုပုတတ်တတ်နဲ့ လင်တော်မောင် ကျူကျူကျား အပြေးအလွှားနဲ့ ရောက်လာမှ ခေါ်နေမှန်းသိသပေါ့..
ဟဲ့ ကျူကျူရေ.. ကျကုန်ပြီ ကျကုန်ပြီဟ..
ကျူကျူကျား အပျော်တကောနဲ့ ပျော်ကောနေလိုက်တာ ကျူကျူက သဘောမပေါက်။
“ဒီမှာကြည့် ဒီဇယ်စျေးတွေ့လား ကျသွားပြီ”
“ဒီမှာကြည့် စားအုန်းဆီစျေးတွေ့လား ကျသွားပြီ”
“ဒီမှာကြည့် ဆန်စျေးတွေ့လား ကျသွားပြီ”
“ဒီမှာကြည့် ဒေါ်လာစျေးတွေ့လား ကျသွားပြီ”
ကြေးမုံ သတင်းစာက စာမျက်နှာ (၃၁)ကြီးကို လှန်လို့ ကျူကျူကျား ခမျှာ သူ့ဇနီးချောကို ပြရှာတာ..
အင်းလေး သူမှ စာမဖတ်တတ်တာ သူများစာတွေခိုးကူးပြီး သတင်းစာထဲ ပါအောင်ရေးနိုင်တဲ့ ကျူကျူ့ကိုပဲ အားကိုးရမပေါ့..
ကျူကျူ့မှာ ကျူကျူကျားကို သေချာကြည့်ပြီး ရီချင်လာလို့ တစ်ဖက်ကို မျက်နှာလှည့်ရသေး..
အင်းလေ.. လှည့်ထားမှ ဖြစ်မှာပေါ့ ဒီသွားတွေက ပါးစပ်ကိုစေ့အောင်မှ မစွမ်းနိုင်တာလေ…
ဒီမယ် ကိုဗိုလ်တု ရှင်ဖတ်နေတာ နာရေးကြော်ငြာတွေတော့ နာရေးကြော်ငြာတွေ .. ဒီဇယ်ဆိုတာ ရှင့်တပည့် ဗိုလ်မှူးချုပ်ကြီး လေ၊ စားအုန်းဆီဆိုတာ ရှင့်တပည့် ဗိုလ်ချုပ်လေ .. ဆန်ဆိုတာ ရှင့်တပည့် ဗိုလ်ကြီးလေ… ဒေါ်လာဆိုတာ ရှင့်အမျိုးဆိုလား ဟို ဗိုလ်ချုပ်မလေ..
ရှင့်မလဲအေ ရှင့်လက်ထက်မှာ ကျတာဆိုလို့ ကျုပ်တင်ပါးနဲ့ ရှင့်တပည့်တွေပဲ ရှိတယ် တော်ရေ့…