ကရင်နီတွင် စစ်ဘေးရှောင်ဆေးခန်းကို စစ်တပ်က ဗုံးကြဲ

Author ခေတ်နီ
Categories
Published on Feb 04, 2023

ကရင်နီပြည် လွိုင်ကော်မြို့နယ် အရှေ့ဖက်ခြမ်းရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်စခန်းရှိ ဆေးခန်းနှင့် စာသင်ဆောင်တစ်ခုတို့ မီးလောင်ပျက်စီးခဲ့ကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG)၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုဗညားထံမှ သိရသည်။

လွိုင်ကော်မြို့နယ် အရှေ့ဖက်ခြမ်းမှာရှိသည့် ဆင်စခန်းဟုခေါ်သည့် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်မှ ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်ညနေ ၆ နာရီခွဲခန့်မှာ လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ရှောင်စခန်းရှိ စစ်ဘေးရှောင်များအား ဆေးဝါးကုသပေးနေသည့် ဆေးခန်းတစ်ခုနှင့် စာသင်ဆောင်တစ်ဆောင် အပါအဝင် ဆေးဝါး ရိက္ခာများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“အသေအပျောက်တော့မရှိဘူး ဆေးခန်းတစ်လုံး မီးလောင်သွားပြီး ကျောင်းတစ်ကျောင်းထိခိုက်တယ်”ဟု KnHRGအဖွဲ့မှ ဒါရိုက်တာဖြစ်သူ ကိုဗညားက ဆိုသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ လွိုင်ကော်မြို့နယ်အတွင်းကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ကရင်နီပြည် #လွိုင်ကော်မြို့ #လေကြောင်းတိုက်ခိုက်မှု #စစ်ဘေးရှောင်စခန်း