ကဗျာဆရာ ကြည်ဇော်အေး ကွယ်လွန်

Author CJ 001
Categories
Published on Oct 03, 2022

ကဗျာဆရာ ကြည်ဇော်အေး ယနေ့ မနက် ၈နာရီ ၁၅မိနစ်ခန့်တွင် ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်သွားခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

ယမန်နေ့ ည ၁နာရီ ၃၀မိနစ်ခန့်တွင် သတိလစ်မေ့မျောသွားခဲ့ခြင်းကြောင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှု ခံယူစဉ် ဆုံးပါးသွားခဲ့ခြင်းဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၄၄နှစ်ရှိပြီဖြစ်သည့် ကဗျာဆရာ ကြည်ဇော်အေးသည် ၎င်း၏ မွေးနေ့မတိုင်မှီ တစ်ရက်အလိုတွင် ဆုံးပါးခဲ့ခြင်းဖြစ်သည်။
“စစ်ကြီးပြီးရင်
အချစ်သီချင်းလေးတွေပဲ နားထောင်ကြမယ်
ချစ်သူများသာ အဓွန့်ရှည်ပါစေ”
ကြည်ဇော်အေး