မြစ်ကြီးနားမြို့နယ်တွင် တစ်သောင်းတန်နှင့် ငါးထောင်တန်ငွေစက္ကူအတုများ ဖမ်းဆီးရမိ

Author အောင်နိုင်သူ
Categories
Published on Sep 09, 2022

မြစ်ကြီးနားမြို့နယ် ဧရာရပ်ကွက် အားကာလမ်းတွင် ယမန်နေ့ညပိုင်းက လူငယ်သုံးဦးကို တစ်သောင်းတန်နှင့် ငါးထောင်တန် ငွေစက္ကူအတုများဖြင့် ဖမ်းဆီးရမိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

မြစ်ကြီးနားမြို့နယ် ဧရာရပ်ကွက် အားကာလမ်းတွင် ယမန်နေ့ညက ဆိုင်ကယ်စီးလာသူနှစ်ဦးကို မသင်္ကာ၍ ဖမ်းဆီးရာမှ ငွေစက္ကူအတုများဖမ်းဆီးရမိပြီး ကွင်းဆက်အနေဖြင့် နောက်တစ်ဦးကို ဖမ်းမိရမိခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ကျွတ်ကျွတ်အိတ်အမဲနဲ့ သယ်လာတာ ဗုံးလာထောင်တယ်ပြီး ရဲကိုခေါ်လိုက်တာ ငွေတုတွေဖြစ်နေတယ် အဲ့နှစ်ယောက်ကို မေးလိုက်တော့ အိမ်မှာထိုင်ပြီး ထုတ်ပေးနေတဲ့သူကိုပါ မိတယ်”ဟု ရှင်းပြသည်။


ငွေစက္ကူအတုလက်ဝယ်တွေ့ရှိသူသုံးဦးတွင် တစ်သောင်းတန်ငွေစက္ကူ ၄၇၄ရွက် ငါးထောင်တန်ငွေစက္ကူအတု ၃၀၁ရွက် အတုပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစွည်းများဖြင့် ဖမ်းဆီးရမိခဲ့တာဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ငွေစက္ကူအတုပြုလုပ်သူ ကိုပိုင်လင်းထွေးနှင့် ကိုပိုင်စိုးသူနှင့် ကိုအောင်သူရတို့သုံးဦးကို မြစ်ကြီးနားမြို့မရဲစခန်းမှ
မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေ ၁၀၅/၁၀၆ အရအမှုဖွင့်အရေးယူထားသည်ဟု မြို့ခံတွေဆီကသိရသည်။

#မြစ်ကြီးနားမြို့ #ငွေစက္ကူအတု

Related News

Depend on news