YBS 64 နှင့် လူနာတင်ယာဥ် တိုက်မှုဖြစ်ပွားပြီး လူနာတင်ယာဥ်ပေါ်ရှိ အသင်းဥက္ကဋ္ဌ နှင့် အသင်းသားများ ထိခိုက်ဒဏ်ရာ

Author တံခွန်
Categories
Published on Sep 07, 2022

ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ဥက္ကလာပမြိုနယ် YBS 64 ကားဂိတ်အနီးတွင် ယနေ့ စက်တင်ဘာလ ၇ရက်နေ့ မနက်ပိုင်းက ဇမ္ဗူဒီပါ လူမှုကူညီကယ်ဆယ်ရေးအသင်းကားနှင့် YBS 64 ယာဥ်တို့ တိုက်မှုဖြစ်ပွားခဲ့ပြီး လူမှုကယ်ဆယ်ရေး ကားပေါ် လိုက်ပါလာသူ လေးဦး အနက် နှစ်ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“မျက်နှာချင်းဆိုင်လာတဲ့ ဆိုင်ကယ်ကိုရှောင်ပြီး ကွေ့လိုက်တာ YBS နဲ့ထိမိပြီး အကုန်ထိခိုက်ကုန်တာ လူနာလမ်းကြောင်းမှာ ကူညီရင်းထိခိုက်မိတာမို ဝမ်းနည်း စိတ်မကောင်းဖြစ်ရပါတယ်”ဟု အသင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရသူများတွင် အသင်း ဥက္ကဋ္ဌပါ ပါဝင်ပြီး ယာဥ်မောင်းမှာ သတိ ပြန်လည်မရရှိသေးဘဲ စိုးရိမ်နေရသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထိုယာဥ်တိုက်မှုတွင် လူနာတင်ယာဥ်ပျက်စီး၍ အသင်းဥက္ကဋ္ဌ၊ သတင်းနှင့်ပြန်ကြားရေး ၊အသင်းဝင်ညီကိုအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဇမ္ဗူဒီပါ ၏ လူမှုကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ခေတ္တ ရပ်နားထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#မြောက်ဥက္ကလာ #ယာဉ်တိုက်မှု #လူနာတင်ကား