YBSနဲ့ ကြားကားတိုက်မိပြီး ၁၆ဦး ဒဏ်ရာရ

ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဆန်းစျေးအကျော်မှာ YBS ၇၇ ယာဉ်လိုင်းနဲ့ ကြားကားအဖြစ် ပြေးဆွဲနေတဲ့ မော်တော်ယာဉ်တစ်စင်း တိုက်မိပြီး ယာဉ်ပေါ်လိုက်ပါလာသူ ၁၆ဦး ဒဏ်ရာရရှိသွားတယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှုရေးအဖွဲ့အစည်းတွေဆီက သိရပါတယ်။
အောက်မင်္ဂလာဒုံလမ်း အောင်ဆန်းစျေးအကျော်မှာ တိုက်မိခဲ့တာဖြစ်ပြီး အမျိုးသား ၁၄ဦး အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၃ဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကို အင်းစိန်ကြက်ခြေနီတပ်ဖွဲ့၊ ကနောင်နာရေး/ရှင်ရေးအသင်း၊ အဖြူရောင်မေတ္တာအသင်းတွေက သွားရောက် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
ဒီသတင်းဟာ CJ Platform ရဲ့ Citizen Journalists တစ်ဦးပေးပို့လာတဲ့ သတင်းဖြစ်ပါတယ်။
CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက CJ Platform Facebook Page Messenger ကနေဖြစ်စေ၊ Telegram မှာ @cjreport1 လို့ ရှာဖွေပြီး ပေးပို့နိုင်ပါတယ်။
ဓာတ်ပုံ – အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့