သန်းခေါင်ချိန်မှာ YBSနဲ့ Light Truck တိုက် ၂ဦးထိခိုက်

ရန်ကုန်မြို့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ၊ အမှတ် ၁၂ ရပ်ကွက်၊ ကျန်စစ်သားလမ်းပေါ်မှာ ဇူလိုင် ၁၈ရက်နေ့ မနက်အစောပိုင်း ၁၂နာရီခန့်က YBS 139 မော်တော်ယာဉ်နဲ့ Light Truck ယာဉ်တစ်စီး တိုက်မှုဖြစ်ပွားပြီး ၂ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း လူမှုရေးအဖွဲ့အစည်းတွေဆီက သိရပါတယ်။
ယာဉ်တိုက်မှုကြောင့် Light Truck မော်တော်ယာဉ်မောင်းနဲ့ အတူလိုက်ပါလာသူ အမျိုးသား တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးစိုးရိမ်ရတယ်လို့ သိရပါတယ်။
အခင်းဖြစ်ရာနေရာကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ YRO အဖွဲ့ဝင် လူမှုကူညီရေးအသင်းတွေနဲ့ မီးအိမ်ရှင် (အရှေ့ဒဂုံ) အဖွဲ့တွေက သွားရောက် ကူညီပေးခဲ့ကြပြီး ဒဏ်ရာရရှိသူတွေကို မြောက်ဥက္ကလာပဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီသတင်းဟာ CJ Platform ရဲ့ Citizen Journalists တစ်ဦးပေးပို့လာတဲ့ သတင်းဖြစ်ပါတယ်။
CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက CJ Platform Facebook Page Messenger ကနေဖြစ်စေ၊ Telegram မှာ @cjreport1 လို့ ရှာဖွေပြီး ပေးပို့နိုင်ပါတယ်။
ဓာတ်ပုံ – မေတ္တာရောင်ခြည်လူငယ်လေးများ ပရဟိတအသင်း