“What it ကျူကျူကျား” (ကျူကျူကျား -၃)

Author ပြည်စိုး
Categories
Published on Jan 15, 2023

ကျူကျူကျား ဆိုတာ ဘာလဲဟု အမေးများလာကြသည်။
ကျူကျူကျားကို အများစုက ဗိုလ်ကြောင်ချေးဟု ခေါ်ကြသည်။ မိုက်ဖော် ယုတ်ဖက် လက်တွဲဖော်ကို ရရှိခဲ့ပြီးနောက် ကျူကျူကျားဟု အမည်တွင်လာခြင်း ဖြစ်သည်။
ဗိုလ်ကြောင်ချေး၏ မိုက်ဖော် ယုတ်ဖက်အမည်မှာ ကျူကျူဖြစ်သည် ဗိုလ်ကြောင်ချေးဟာ ကျူကျူ့ ယောင်္ကျားဆိုတော့ကား ကျူကျူကျား ဖြစ်လာခြင်းဖြစ်သည်။

ဘာမေးရှားခြံတော်ကြီးတွင် ကျူကျူကျားမျက်နှာဖြင့် ကျူကျူသည် အဝီစိစာရင်းဝင် အလှပဂေးဖြစ်သည်။ ပါးနှစ်ဖက် ရိရိတွဲကာ အတော်လှသည်ဟု ဆိုကြသည်။ ရှေ့သွားလေး လေးချောင်းမှာ နှုတ်ခမ်းအပြင်ဖက် မသိမသာ ကျူကျူကျားအရပ်သာသာခန့် ထွက်နေသည်။ ကျူကျူကျားမှာ ကျူကျူ့ကို အတော်ချစ်ရှာသည်။

ကျူကျူဘာလိုလို ကျူ့ဘော ကျူ့ဘောဟု လိုက်လျောလေ့ရှိသည်။ တစ်ခုသာ ကျူကျူကျား တားမြစ်ထားသည့် ဒေါက်ဖိနပ်မြင့်မြင့် မဝတ်ရန်ဖြစ်သည်။ ကျူကျူသည် လူအများရေးသားလေ့ရှိသည့် ကဗျာဆိုတာမျိုးကိုလဲ ရန်ပုံရန်ခါ ကော်ပီယူတတ်သည်။

“ဟေ့ မဲလုံး တော်လေးငါးဝင်အဖြစ် စာအုပ်တွေမှာ ပြင်ခိုင်းစမ်း ငါ့ချစ်ချစ်အတွက်”ဟု ကျူကျူကျား ပြောသည်။
တဝုဝုနဲ့ မဲလုံးပြန်ဖြေသည်။ ကိုယ်တွေကတော့ ဘာသာမပြန်တတ်။

ဘာမေးရှားခြံတော်ကြီးကို လုထားသည့် ကျူကျူကျား တစ်ရက် လူများကြိုက်ကြသည့် The Dictator ရုပ်ရှင်ဇာတ်ကားကို ကြည့်ပြီးနောက် အိမ်နောက်ဘေး ရေလုံတော်ကြီးအတွင်းမှ ဘွတ်.. ဘူ.. ဟု အသံကြားရသကဲ့သို့ လွန်စွာ ပျော်ရွှင်သွားသည်။

ရုပ်ရှင်ကားထဲတွင် ဗိုလ်ချုပ်ကြီး အာလာဒင်းသည် ရွေးကောက်ပွဲလုပ်သည်။ သူပဲ ရွေးကောက်ခံရသည်။

အံမာ မမှီတမှီအရပ်နဲ့ စလွယ်တော်ကြီး ချီချီပြတာကနေ စလွယ်တော်ကြီး အပိုင်သာရဖို့ ကျူကျူကျား ရွေးကောက်ပွဲ လုပ်ချင်သွားသည်။

“ဟဲ့ မဲလုံး ဒီမိုကရေစီဆိုတာ ဘာတုန်း”
တဝုဝုနဲ့ မဲလုံးပြန်ဖြေသည်။ ကိုယ်တွေကတော့ ဘာသာမပြန်တတ်။

“အေး မသိရင် မှတ်ထား ဒီမိုကရေစီဆိုတာ ကျူကျူ့ သွားလေးတွေလိုပဲကွ ရှုပ်တယ် ရွေးကောက်ပွဲလုပ်မယ် ဟျောင့်”
တဝုဝုနဲ့ မဲလုံးပြန်ဖြေသည်။ ကိုယ်တွေကတော့ ဘာသာမပြန်တတ်။

ဒီလိုနဲ့ ကျူကျူကျား ရွေးကောက်ပွဲလုပ်မည်ဟု ဘာမေးရှားခြံတော်ကြီး တစ်ခုလုံး ကြားအောင် အူကြသည်။
အရင်ဆုံး ကျူကျူကျား စဉ်းစားမိတာက လူဦးရေစာရင်းကောက်ဖို့၊ လူတွေကို စာရင်းကောက်ဖို့ဆိုတာ လူတွေကလဲ လက်ခံဦးမှ။ ကျူကျူကျား ခေါင်းကိုက်သွားသည်။

သူ့ဆီက အမဲရိုး ရာရှင်လာလာတောင်းတတ်သည့် လူဆိုသည့် သူတွေကို ခိုင်းရန် ကျူကျူကျား စီစဉ်သည်။

“မဲလုံးရေ မဲစာရင်းဆိုတာက”
တဝုဝုနဲ့ မဲလုံးပြန်ဖြေသည်။ ကိုယ်တွေကတော့ ဘာသာမပြန်တတ်။

“မဲလုံးရေ ဒီမိုကရေစီဆိုတာက”
တဝုဝုနဲ့ မဲလုံးပြန်ဖြေသည်။ ကိုယ်တွေကတော့ ဘာသာမပြန်တတ်။

“မဲလုံးရေ ရွေးကောက်ပွဲဆိုတာက”
တဝုဝုနဲ့ မဲလုံးပြန်ဖြေသည်။ ကိုယ်တွေကတော့ ဘာသာမပြန်တတ်။

ကျူကျူကျား စလွယ်တော်ကြီး အပီကိုင်မယ်ဟု တွေးကာ အာလာဒင်းနေသည်။
သို့သော်… လူအများက လက်မခံ။

ကျူကျူကျား အပိုင်း (၁) အား ဖတ်ရှု့ရန် Link-
ကျူကျူကျား အပိုင်း (၂) အား ဖတ်ရှု့ရန် Link-
ကျူကျူကျား အပိုင်း (၃) အား ဖတ်ရှု့ရန် Link-
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ကျူကျူကျား #သရော်စာ