Voices of Earth: We Listen, We Broadcast, We Fix

Author CJ Platform
Categories
Published on Sep 10, 2025

Voices of Earth: We Listen, We Broadcast, We Fix

ပဋိပက္ခဖြစ်စဉ်များ ကြီးထွားနေသော ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို နေ့စဉ်နှင့်အမျှ ပိုမိုခံစားလာနေရသည်။ သစ်တောများ ပြုန်းတီးခြင်း၊ ရေကြီးရေလျှံမှုများ၊ ပုံမှန်မဟုတ်သော မိုးလေဝသအခြေအနေများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများသည် ကျွန်ုပ်တို့၏ လူနေမှုဘဝကို တိုက်ရိုက် ခြိမ်းခြောက်လျှက်ရှိသည်။

မြေကမ္ဘာ၏ အရင်းအမြစ်များကို အလွန်အကျွံသုံးစွဲပြီးနောက် ပြန်လည်ဖြည့်တင်းနိုင်ခြင်း မရှိသည့် ဖြစ်စဉ်ကို ပြည်သူလူထုထံနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများထံ တင်ပြနိုင်ရန်အတွက် ကျွမ်းကျင်သော သတင်းသမားများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါလှသည်။ ထို့ကြောင့် CJ Platform မှ ဦးစီး၍ မိုးလေဝသ၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သတင်းပညာသင်တန်း (Environmental Journalism Training) ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။

👥 ဒီသင်တန်းက ဘယ်သူတွေအတွက်လဲ?

  • သတင်းမီဒီယာနယ်ပယ်တွင် လုပ်သက် (၂) နှစ်အထက် လုပ်ကိုင်နေပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းများကို အထူးပြုလေ့လာလိုသည့် သတင်းထောက်များနှင့် 
  • သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အထူးပြုလေ့လာနေသည့် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်လေ့လာသင့်ပါတယ်။

📚 သင်တန်းတွင် ဘာတွေ သင်ယူရမလဲ?

  • ရာသီဥတုပြောင်းလဲမှု၏ သိပ္ပံဆိုင်ရာ အခြေခံသဘောတရားများ။
  • ရှုပ်ထွေးသော သိပ္ပံဆိုင်ရာ အချက်အလက် (Data) များကို ပြည်သူနားလည်လွယ်အောင် သတင်းဇာတ်လမ်းအဖြစ် ပြောင်းလဲပုံ။
  • ရာသီဥတုပြောင်းလဲမှု ဇာတ်လမ်းများကို လူသားဆန်သော ရှုထောင့် (Human-interest Angle) မှ ချဉ်းကပ်ပုံ။
  • ကွင်းဆင်းသတင်းရယူခြင်း၊ ပညာရှင်များနှင့် အင်တာဗျူးခြင်း နည်းစနစ်များ။
  • ဓာတ်ပုံ၊ ဗီဒီယို၊ အင်ဖိုဂရပ်ဖစ် (Infographics) များဖြင့် သတင်းကို ပိုမိုထိရောက်အောင် တင်ဆက်ခြင်း။
  • သဘာဝဘေးအန္တရာယ် သတင်းရယူရာတွင် လိုက်နာရမည့် ကျင့်ဝတ်နှင့် ဘေးကင်းလုံခြုံရေး စသည်တိုကို့ သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။

✨ ဘာကြောင့် ဒီသင်တန်းကို တက်သင့်တာလဲ?

  • သက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များက ဦးဆောင်သင်ကြားမှာဖြစ်ပြီး
  • စာတွေ့သာမက လက်တွေ့လုပ်ဆောင်မှုများကို ဦးစားပေးသွားမှာဖြစ်ပါတယ်။
  • ဒါ့အပြင် သင်တန်းပြီးဆုံးပါက ထုတ်လုပ်လိုသည့် သတင်းဆောင်းပါးများအတွက် CJ Platform မှ နည်းပညာနှင့် ထောက်ပံ့ငွေများ ပံ့ပိုးကူညီမည်ဖြစ်ပြီး
  • သင်နှင့် စိတ်တူကိုယ်တူ လုပ်ဖော်ကိုင်ဖက်များနှင့် ကွန်ယက်ချိတ်ဆက်နိုင်မည့်အခွင့်အရေးများနဲ့ သင့်ရဲ့ကျွမ်းကျင်မှုကို တစ်ဆင့်ထပ်မံတိုးမြှင့်နိုင်မှာ ဖြစ်ပါတယ်။ 

🗂️ သင်တန်းအချက်အလက်

  • သင်တန်းကြာမြင့်ချိန်: အောက်တိုဘာလအတွင်း တစ်ပတ်လျှင် (၅) ရက်ဖြင့် ရက်ပေါင်း (၂၀) ကြာ သင်ကြားသွားမည်ဖြစ်သည်။
  • သင်တန်းအချိန်: သင်တန်းအချိန်များကို သင်တန်းသားများ ရွေးချယ်ပြီးနောက် ညှိနှိုင်းရေးဆွဲသွားမည်ဖြစ်သည်။
  • သင်ကြားမှုပုံစံ: Zoom Platform ကို အသုံးပြုကာ သင်ကြားသွားမည်။
  • သင်တန်းပြီးဆုံးလျှင်: သင်တန်းပြီးဆုံးပါက CJ Platform မှ အယ်ဒီတာများနှင့် သက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များ ကြီးမှူးမှုဖြင့် သတင်းဆောင်းပါး၊ သတင်းဗီဒီယိုများ ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရမည်။
  • စီမံကိန်းကာလ: သတင်းဆောင်းပါး၊ သတင်းဗီဒီယိုများ ထုတ်လုပ်နိုင်ရေးအတွက် ရက်ပေါင်း (၆၀) အချိန်ပေးအပ်သွားမည်။
  • သင်တန်းသားဦးရေ: သင်တန်းသား (၃၀) ဦးသာ လက်ခံသွားမည်။
  • လျှောက်လွှာပိတ်ရက်: သင်တန်းလျှောက်လွှာများကို ၂၀.၉.၂၀၂၄ ရက်နေ့ ညနေ (၅) နာရီအထိသာ ဖွင့်လှစ်လက်ခံသွားမည်ဖြစ်သည်။

သင်တန်းလျှောက်ထားရန် Link ဒီနေရာမှာ ရယူနိုင်ပါသည်။