Twenty Fingers

Author CJ Platform
Categories
Published on Nov 16, 2024

ဒီနေ့ ၂၁ ရာစု ရောက်တဲ့ကာလထိ မြန်မာနိုင်ငံမှာ LGBT  လို့ခေါ်တဲ့ လိင်စိတ် ခံယူမှုကွဲပြားခြင်းအပေါ် ပတ်ဝန်းကျင်နဲ့ မိသားစု အသိုင်းအဝိုင်းက လက်မခံတာတွေ၊ ညင်းဆန်တာတွေ၊ ဖိနှိပ်ပြောဆို ဆက်ဆံတာတွေ နဲ့ ခွဲခြားမှုတွေ၊ လိင်အမြတ် ထုတ်မှုတွေ ရှိနေဆဲပါ။ ဒီလိုမျိုး ကြုံတွေ့နေရတဲ့အထဲမှာ ကိုမိုးသောက်နဲ့ မရှားလဲ ပါဝင်ပါတယ်။ တော်လှန်ရေးကနေ ကျန်းမာရေးဆိုးရွားလာတာကြောင့် ထိုင်းနိုင်ငံ နယ်စပ်မြို့ကို ရောက်ရှိလာတဲ့သူတို့နှစ်ဦးဟာ ဘဝ ရပ်တည်ရေးအတွက် အိမ်တိုင်ရာရောက် အနှိပ် ဝန်ဆောင်မှု ပေးတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုနေပါတယ်။

သူတို့နှစ်ဦးဟာ  ဘယ်လို လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှုတွေ ကြုံတွေ့ခဲ့ရလဲ၊ ဖိနှိပ်ခွဲခြားမှုတွေ ဘယ်လို ကြုံတွေ့ခဲ့ရလဲ၊ အနာဂတ်မှာ ဘာတွေ မျှော်လင့်ထားသလဲ။