SSPP နှင့် မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်များကို ကြိုဆိုပြီး ဖက်ဒရယ်အရေးအတွက် လက်တွဲဆောင်ရွက်ရန် ယာယီသမ္မတ ဖိတ်ခေါ်

Author လင်းခိုင်
Categories
Published on Feb 07, 2023

 

SSPP နှင့် မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်များကို ကြိုဆိုပြီး အနာဂတ် ဖက်ဒရယ်အရေးအတွက် လက်တွဲ ဆောင်ရွက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဖိတ်ခေါ်သည်ဟု ပြောကြားထားသည်။

ယနေ့(ဖေဖော်ဝါရီ ၇ ရက်) တွင်ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၅/၂၀၂၃ အစည်းအဝေးတွင် ယာယီသမ္မတက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

NUG နှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုါံ်သည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကို တွန်းလှန်ခဲ့သည်မှာ ၂နှစ်တာကာလကို မလျှော့သောဇွဲ၊ အရှုံးမပေးသော လုံ့လဖြင့် အောင်မြင်စွာ ကျော်လွှာနိုင်ခဲ့ပြီး နွေဦးတော်လှန်ရေးကို အောင်မြင်သည်အထိ အားတင်းကာ ဝိုင်း၀န်းကြိုးစားဆောင်ရွက်ရမည်ဟု ယာယီသမ္မတက ပြောကြားသည်။

NUG သည် သုညက စတင်ခဲ့သည်မှာ ယနေ့တွင် စစ်အုပ်စုကို ကဏ္ဍပေါင်းစုံမှ ရင်ဆိုင်နိုင်နေပြီဖြစ်ကြောင်း၊ အချို့သောကဏ္ဍများတွင် ပိုမိုသာလွန်အောင် လုပ်ဆောင်နိုင်နေပြီဖြစ်ကာ၊ အချိန်တိုအတွင်း အောင်မြင်မှု စွမ်းဆောင်လာနိုင်ခြင်းသည် တိုင်းရင်းသားပြည်သူအပေါင်း၏ ညီညွှတ်မှုဖြင့် အာဏာရှင်စနစ်ကို ပြတ်သားစွ လက်မခံခြင်းကို ပြသမှုပင်ဖြစ်သည်ဟု ယာယီသမ္မတက ဆိုသည်။

“ဖေဖော်ဝါရီ ၃ ရက်နေ့မှ SSPP ရဲ့ထုတ်ပြန်ချက်အရ ဒီမိုကရေစီနဲ့ ဖက်ဒရယ်လိုလားတဲ့ အင်အားစုနဲ့ လက်တွဲ ချိတ်ဆက်မယ့် အကြောင်းရယ်၊ မွန်ပြည်သစ်ပါတီရဲ့ ၇၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ ထုတ်ပြန်ချက်တွေကို အသိအမှတ်ပြုပြီးတော့ အနာဂတ် ဖက်ဒရယ်အရေးအတွက် အတူလက်တွဲဆောင်ရွက်နိုင်ဖို့ မိမိတို့အစိုးရအနေနဲက အမြဲဖိတ်ခေါ်လျက်ရှိပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

စစ်အုပ်စုကို တွန်းလှန်နိုင်ရန် ပြည်တွင်းအင်အားစုများအကြား ညီညွတ်မှုသည် အင်အား တစ်ရပ်ဖြစ်ကြောင်း၊ စုစည်းမှု၊ ညီညွတ်မှုနှင့် လက်တွေ့ကျသည့် ပူးပေါင်းမှုဖြင့် တည်ဆောက်ရန်လိုအပ်ကြောင်း၊ ပြည်ထောင်စု၀န်ကြီး၊ ဒု၀န်ကြီးများအနေဖြင့် တိုင်းရင်းသားအရေး၊ မဟာမိတ်ချိတ်ဆက်မှုအပိုင်းကို ဦးစားပေးလျက် အမြဲချိတ်ဆက်ဆောင်ရွက်ရန် ယာယီသမ္မတက တိုက်တွန်းခဲ့သည်။

ထို့ပြင် နိုင်ငံတကာ အစိုးရများအနေဖြင့် NUG ကို တရား၀င်အစိုးရအဖြစ် လက်ခံ အသိအမှတ်ပြုရန် ကြိုးပမ်းဆောင်ရွက်နေပြီး၊ တဖက်တွင်လည်း တော်လှန်ရေးအင်အားးစုများနှင့် လက်တွေ့ကျကျ လက်တွဲဆောင်ရွက်ရန် အားထုတ်လျက်ရှိသည်ဟု ယင်းက ဆိုသည်။

အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒကြောင့် တိုင်းရင်းသားပြည်သူလူထုအကြား ပျက်ယွင်းခဲ့သည့် ယုံကြည်မှုကို လက်ရှိအချိန်တွင် တည်ဆောက်ရန် အချိန်အခါကောင်း တရပ်ဖြစ်ပြီး အာဏာရှင်စနစ်နှင့် အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်ဖယ်ရှားရန် အချိန်လည်းဖြစ်သည်ဟု ယာယီသမ္မတက ဆက်လက်ပြောကြားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #ယာယီသမ္မတ #ဒူဝါလရှီးလ