Silent Strikeကို ဓာတ်ပုံရိုက်သည့် အင်းတော်ဒေသခံတစ်ဦး ဖမ်းဆီးခံရ

Author ခေတ်နီ
Categories
Published on Feb 01, 2023

 

စစ်ကိုင်းတိုင်း အင်းတော်မြို့မှာ ယနေ့ပြုလုပ်သည့် Silent Strikeကို ဓာတ်ပုံရိုက်ယူနေသည့် အင်းတော်ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်း အင်းတော်ဒေသခံတစ်ဦးထံမှ သိရသည်။

ဖမ်းဆီးခံရသူသည် အင်းတော်မြို့ အောင်ချမ်းသာရပ်ကွက်မှ အသက်၄၀ကျော်အရွယ် ဦးလှအောင် ဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာပြုလုပ်သည့် Silent Strikeကို ဓာတ်ပုံရိုက်ယူနေစဥ် နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်မှာ ကင်းလှည့်နေသည့်ရဲကားမှ ဖမ်းဆီးသွားခဲ့တာပဲဖြစ်သည်။

” သူ့အိမ်ရှေ့မှာပဲ ဖမ်းခံရတာ ဟိုကောင်တွေရဲ့ ကင်းလှည့်နေတဲ့ ကားနဲ့တွေ့ပြီး ခေါ်သွားတာပဲ
ဓာတ်ပုံလေးရိုက်တာတောင် ဒီကောင်တွေက ဒီလောက်ထိကြောက်နေတာ “ဟု အင်းတော်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ဦးလှအောင်ကို အင်းတော်မြို့ရဲစခန်းတွင် ဖမ်းဆီးထားပြီ မည်သည့်ပုဒ်မများဖြင့် အရေးယူထားသည်ကို မသိရှိရသေးပါဘူး။

ဓာတ်ပုံ -IR team
ပုံစာညွှန်း- အင်းတော်မြို့တွင် အသံတိတ်သပိတ် ဆင်နွှဲနေပုံ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #အင်းတော် #အသံတိတ်သပိတ် #ဓာတ်ပုံသမားအဖမ်းခံရ