စစ်တပ်လော်ဘီ နောင်တော်လေးကို အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီက ၆၆(ဃ) နဲ့တရားစွဲ

Author CJ Platform
Categories
Published on Jul 08, 2025

စစ်တပ်လော်ဘီတစ်ဦးဖြစ်ပြီး နောင်တော်လေးကို အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးစိုးမောင်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

 

နောင်တော်လေးကို နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်းမှာ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီက ဇွန်လလယ်ကတည်းက အမှုဖွင့်တိုင်ကြားထားတာ ဖြစ်တယ်လို့ VOM သတင်းဌာနမှာ ဖော်ပြထားပါတယ်။

 

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က လယ်ယာမြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး စစ်တပ်လော်ဘီ နောင်တော်လေးက ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးစိုးမောင်က တရားစွဲဆိုခဲ့တာပဲဖြစ်ပါတယ်။

 

ဦးစိုးမောင်ရဲ့ တရားစွဲဆိုမှုအတွင်းမှာ လှည်းကူးမြို့နယ်က လယ်သမားနှစ်ဦးပါ ပါဝင်နေတယ်လို့ သိရပါတယ်။

 

အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဟာ မြန်မာပြည်ကို ကယ်တယ်မယ့် ပါတီလို့ ကြွေးကြော်ထားခဲ့ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဘာသာရေးအစွန်းရောက် မှိုင်းတိုက်မှုတွေ လုပ်ကြံပြောဆိုမှုတွေနဲ့ မဲဆွယ်ခဲ့ဖူးတဲ့ ပါတီတစ်ခုပဲဖြစ်ပါတယ်။

 

တရားစွဲဆိုခံရသူ နောင်တော်လေးဟာလဲ ဘာသာရေးအစွန်းရောက် ဦးဝိရသူရဲ့ တပည့်တစ်ဦးဖြစ်ပြီး သတင်းသမားလို့ အမည်ခံကာ ဘာသာရေးအစွန်းရောက် သတင်းတွေနဲ့ စစ်တပ်လော်ဘီ သတင်းတွေကို ဖော်ပြနေသူပဲဖြစ်ပါတယ်။

 

 

Related News

Depend on news