Puma Energy မြန်မာပြည်မှထွက်ခွာ အစုရှယ်ယာများကို ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီကိုရောင်းချခဲ့ဟုဆို

Author လင်းခိုင်
Categories
Published on Oct 06, 2022

Puma Energy အနေဖြင့် မြန်မာပြည်မှထွက်ခွာပြီး အစုရှယ်များကို ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီကိုရောင်းချခဲ့ကြောင်း အောက်တိုဘာ ၅ရက်တွင်ထုတ်ပြန်ထားသည်။

ဘုတ်အဖွဲ့များကို ယခုနှစ်အစောပိုင်းတွင် မြန်မာနိုင်ငံမှထွက်ခွာရန်ဆုံးဖြတ်ပြီးနောက် Puma Energy သည် Puma Energy Asia Sun (PEAS) နှင့် National Energy Puma Aviation Services (NEPAS) မှ အစုရှယ်ယာ ပြည်တွင်းပုဂ္ဂလိကကုမ္ပဏီတစ်ခုထံ ရောင်းချရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်ဟု ထုတ်ပြန်ထားသည်။

သို့သော် အစုရှယ်ယာများအား မည်သည့်ကုမ္ပဏီကို ရောင်းချခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားခြင်းမရှိပေ။

Puma Energy၏ NEPAS သည် စစ်ကောင်စီက ထိန်းချုပ်ထားသည့် မြန်မာ့ရေနံထွက်လုပ်ငန်းနှင့် ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်ပြီးလေယာဥ်ဆီတင်သွင်းခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများက လေယာဥ်လောင်စာဆီပိတ်ပင်ရန် စည်းရုံးလှုံ့ဆော်မှုများပြုလုပ်နေစဥ် ယခုကဲ့သို့ Puma Energy ကကြေငြာချက်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း Justic for Myanmarကဆိုသည်။

Puma Energy ၏ ဂျက်လေယာဥ်ဆီအခြေခံအဆောက်အအုံများကို စစ်အစိုးရထိန်းချုပ်မှုမရှိစေရန် Justic for myanmarက Puma energyကိုတောင်းဆိုထားသည်။

ထို့ပြင် Puma Energyသည် NEPAS၏ရှယ်ယာများကို ပြည်တွင်းကုမ္ပဏီသို့ရောင်းချသည်ဟုသာထုတ်ပြန်ထားသဖြင့် လူ့အခွင့်အရေးအရ ယင်းကုမ္ပဏီအမည်ကို ဖော်ထုတ်ကာ ထိခိုက်နစ်နာမှုများကို ကုစားခြင်းဖြင့်နိုင်ငံတကာလူ့အခွင့််ရေးတာဝန်များ ကျေပွန်ရမည်ဟု Justic for myanmarက တောင်းဆိုထားသည်။

ထို့ပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရန် နိုင်ငံတကာအစိုးရများအနေဖြင့် လေယာဥ်လောင်စာဆီ တားမြစ်ချက်ချမှတ်ပြီး ချက်ချင်းအရေးယူရန် Justic for myanmarကထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင်း စက်သုံးဆီရောင်းချဖြန့် ဖြူးရန်နှင့် လက်လီအရောင်းလုပ်ငန်းလုပ်ကိုင်ရန် စင်ကာပူအခြေစိုက် PUMA Energy Myanamar ကုမ္ပဏီကို ၂၀၁၇ မေတတိယပတ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ၂၀၁၇ ခုနှစ်အတွင်းသီလဝါဆိပ်ကမ်းတွင် ရေနံထွက်ပစ္စည်းများသိုလှောင်ရေးစခန်းတစ်ခုကိုလည်းဖွင့်လှစ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၂ သန်း ရင်းနှီးမြှုပ်နှံကာ PUMA Energy က ၈၀ ရာခိုင်နှုန်းနှင့် ပြည်တွင်းမှ Asia Sun Energy က၂၀ ရာခိုင်နှုန်း ဖြင့် ပူးပေါင်းလုပ်ကိုင်ခဲ့သည်။