Peace Takers Task Force(PTTF)မှ တာ၀န်ခံ ဗိုလ်ဂေါ်ယာ နှင့်ဆက်သွယ်မေးမြန်းခြင်း

Author မင်းထက်
Categories
Published on Oct 02, 2023

စစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သော Peace Takers Task Force(PTTF)သည် မုံရွာ-မန္တလေးလမ်းမကြီးနှင့် ချင်းတွင်းမြစ်ကြောင်း‌တစ်လျှောက် မိုင်းကို အဓိကအားပြုပြီး စစ်အာဏာရှင်ကို တော်လှန်နေသောအဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဖွဲ့အစည်း ဖြစ်တည်လာစဥ်ကတည်းကပင် ၁ နှစ်ခွဲကျော်ကာလအတွင်း မိုင်းနှင့် Mission ပေါင်းများစွာ လုပ်ဆောင်ခဲ့သည်။

ထိုသို့ မိုင်းထောင်၊ မိုင်းဆွဲ တိုက်ခိုက်မှုများတွင် ယခင်ကကဲ့သို့ လက်ဗလာဖြင့်လုပ်ရန် အဆင်မပြေတော့ဘဲ စစ်ကောင်စီတပ်၏ ကင်းပုန်းများရှိရာနေရာများတွင် ပြန်လည်ခုခံနိုင်ရန် လက်နက်များလိုအပ်နေပုံသော်လည်း NUG ထောက်ပံ့မှုမရဖူးသည့်အကြောင်း၊ စစ်ကောင်စီမိုင်းရှင်းလင်းရေးများကြောင့် မိုင်းများဆုံးရှုံးနေရသည့်အကြောင်းတို့အပါအဝင် အခြားသောအကြောင်းအရာများနှင့်ပတ်သက်၍ Peace Takers Task Force တာ၀န်ခံ ဗိုလ်ဂေါ်ယာထံသို့ CJ Platform သတင်းဌာနက ဆက်သွယ်မေးမြန်းထားချက်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

CJ Platform – ဆရာတို့ မိုင်းဆွဲတိုက်ခိုက်မှုတွေမှာ ဘယ်လိုလုပ်ဆောင်ကြရကြောင်း ကြုံတွေရမှုကိုသိချင်ပါတယ်။ ထိတွေ့တိုက်ပွဲတွေမှာ လက်နက်မမျှတာမျိုးရှိလား။

ဗိုလ်ဂေါ်ယာ – အဲဒီလိုတော့ မရှိဘူးဗျ။ ကျွန်တော်တို့က မိုင်းပဲဆွဲတာများတာဗျ။ ဆွဲပီး ပစ်ရင်ပြေးရတာပဲရှိတာဗျ။ မိုင်းထောင်၊ မိုင်းဆွဲက အရင်ကလို လက်ဗလာနဲ့လုပ်လို့မရတော့ဘူးဗျ။ ကင်းပုံးတွေ ဝပ်တတ်တယ်။ ကျနော်တို့က လက်ဗလာနဲ့သွားရတာလေ။ ကင်းပုံးနဲ့တွေ့ရင် ပြေးနိုင်ရင်လွတ်မှာပဲ မပြေးနိုင်ရင် သေပဲ။ အဲဒီလိုပဲဗျ။ အညာဘက်က အဖွဲ့ငယ်လေးတွေရဲ့ ဘဝက။

မေး- ပြီးတော့ အဲဒီလို လုပ်ဆောင်ရာမှာ အဖွဲ့စည်းဘက်က ဆုံးရှုံးမှုတွေ ကြုံခဲ့ရဖူးလား။

ဗိုလ်ဂေါ်ယာ – တစ်ခါတလေ မိုင်းရှင်းလင်းရေးလာရင် မိုင်းတွေဆုံးတာပေါ့။ ဒီကောင်တွေက ပြည်သူတွေ Cover ယူပြီးရှင်းတာဆိုတော့ ကျနော်တို့က အလုပ်လုပ်လို့ အဆင်မပြေဘူးလေ။ အဲဒီလိုအချိန်တွေဆိုရင် မိုင်းတွေဆုံးတယ်ဗျ။

မေး- မိုင်းတွေဆုံးရှုံးဖူးတယ်ဆိုတော့ ဘယ်လောက်များများ ဆုံးရှုံးမှုမျိုးကြုံခဲ့ရလဲ။ တန်ဖိုးအားဖြင့်ရော ဘယ်လောက်ရှိနိုင်လဲဆရာ။

ဗိုလ်ဂေါ်ယာ – ကျွန်တော်တို့ အဖွဲ့အစည်းစထောင်တဲ့ ကာလကနေ အခုချိန်ထိဆိုရင် ၇ ခါ၊ ၈ ခါထက် မနည်းဗျ။ မိုင်းတစ်လုံး တစ်သိန်းကျော်ဗျ။ ကျွန်တော်တို့ တစ်ခါပါရင် ၅ လုံးဆိုတာ အနည်းဆုံးပဲဗျ။

မေး- မိုင်းထောင်ရာမှာလည်း လက်ဗလာနဲ့ သွားလို့မဖြစ်တော့ဘူးဆိုတော့ ကင်းပုန်းနဲ့တွေ့ရင် ပြန်တိုက်နိုင်အောင် ဂန်းတွေလိုတာပေါ့နော်။

ဗိုလ်ဂေါ်ယာ – ပြန်တိုက်နိုင်အောင်ဆိုတာထက် ပြန်ခံပစ်နိုင်ရင်ကို လွတ်နိုင်ချေရှိတယ်လေ။ အဓိက ရည်ရွယ်ချက်ကတော့ ခုခံနိုင်ဖို့ပဲဗျ။ ဂန်းလိုအပ်သလို မိုင်းတွေလည်း လိုအပ်နေပါတယ်။

မေး- NUG ဘက်ကကော အထောက်ပံ့တွေရလား။ ထောက်ပံ့မှုပဲနည်းနေတာလား။ မထောက်ပံ့ဘူးလား။

ဗိုလ်ဂေါ်ယာ – ခုချိန်ထိတော့ မရဖူးသေးဘူးဗျ။

မေး – ဟုတ်ကဲ့။ ဒီလို လိုအပ်ချက်မြင့်တက်လာတာက ပြည်သူများရဲ့ကူညီမှုလျော့နည်းလာလို့လား။

ဗိုလ်ဂေါ်ယာ – ပြည်သူတွေလည်း ကုန်စျေးနှုန်းတွေတက် တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့ သူတွေများတော့ ပြည်သူတွေလည်း ပမ်းလာကြပြီဗျ။ အရင်ကထက်စာရင်တော့ နည်းသွားတာပေါ့။

မေး- ဆရာတို့ အဖွဲ့ ရပ်တည်ချက်နဲ့ ရန်သူကို တိုက်ခိုက်ချေမှုန်းနေတဲ့အခြေနေနဲ့ ပတ်သက်ပြီး သတင်းစကားတချို့ပြောပေးစေချင်ပါတယ်။

ဗိုလ်ဂေါ်ယာ – ကျနော်တို့ကတော့ MOD ရဲ့ လမ်းစဥ်တွေအောက်ကနေပဲ အလုပ်လုပ်ပြီး တိုက်ခိုက်တာကတော့ မိုင်းပဲ အားကိုးပြီးတိုက်ခိုက်ရတာများတယ်ဗျ။

အခုအခါတွင် ယင်းအဖွဲ့၏ လိုအပ်ချက်အရ
” မောင်းပြန်တစ်လက်ဝယ်နိုင်ဖို့ PTTF ကိုကူညီစို့ ” ဆိုသော Campaign အစီစဥ်ကို အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်အထိ လုပ်ဆောင်‌နေပြီး မိဘပြည်သူများအနေဖြင့် မဲလက်မှတ်တစ်စောင်ကို (၁၀,၀၀၀) ကျပ်ဖြင့်ဝယ်ယူအားပေးပြီး ပံ့ပိုးကူညီနိုင်ကြောင်း PTTF တာ၀န်ခံမှ ပြောကြားသည်။

ထိုကမ်ပိန်းတွင် ပြည်တွင်းပြည်ပမှ တော်လှန်မိဘပြည်သူများအနေဖြင့် NUG Pay၊ Kpay၊ Wave Pay စသည့် Digital Money များဖြင့် ပါ၀င်အားဖြည့်နိုင်ကြောင်း PTTF ၏ တာ၀န်ခံက ဆိုသည်။

ပါ၀င်လှူဒါန်းနိုင်မည့်နေရာများ
https://www.facebook.com/profile.php?id=100092657905666&mibextid=ZbWKwL
(Peace Takers Task Force – PTTF)
https://www.facebook.com/profile.php?id=100092602594773&mibextid=ZbWKwL (ပြည်ပ)

🙎🏻‍♂️‍�https://www.facebook.com/profile.php?id=100087657797355&mibextid=ZbWKwL( ထိုင်းနိုင်ငံ)

👩🏻https://www.facebook.com/profile.php?id=100073174390010&mibextid=2JQ9oc ( ပြည်တွင်း)

👦🏻https://www.facebook.com/profile.php?id=100019499918635&mibextid=ZbWKwL (ပြည်တွင်း)