PDF Kalay မှ ဒေသခံများ၏ စပါးခင်းများကို ကူညီရိတ်သိမ်းပေး

Author ခေတ်နီ
Categories
Published on Dec 08, 2022

 

တောင်သူများ သီးနှံရိတ်သိမ်းချိန်တွင် ကလေးမြို့နယ်အတွင်းရှိစပါခင်းများကို PDF Kalay တပ်ရင်း ၂ မှ ကူညီရိတ်သိမ်းပေးခဲ့ကြောင်း ကလေး PDF ရဲဘော်တစ်ဦးထံမှ သိရသည်။

ကလေးမြို့နယ်အတွင်းရှိ ဒေသခံများ၏ ပဲနှင့် သပါးခင်းများ ကိုပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှာ PD F kalayတပ်ရင်း ၂ ၏ တပ်ဖွဲ့ဝင်များမှ ကူညီရိတ်သိမ်းပေးခဲ့တာပဲ ဖြစ်သည်။

“အခုအချိန်က စပါးရော ပဲတီစိမ်းတွေလည်း ကောက်ချိန်ရောက်နေပီလေ ပြည်သူတွေကလည်း စိုးရိမ်တထိတ်ထိတ်နဲ့ အလုပ်လုပ်နေရတယ် ဘယ်အချိန် စစ်ကြောင်းလာမလည်း မသိတော့ အလုပ်လုပ်မဲ့သူကလည်း နည်းတယ်လေ ငွေကြေးအခက်အခဲရောရှိကြတယ်၊ လမ်းမှာကြုံတဲ့အခါ ကူညီခွင့်ရတာပေါ့ ပြည်သူကမွေးပီး ပြည်သူကကျွေးထားတယ်လေ”ဟု PDF Kalay တပ်ရင်း ၂ တပ်ဖွဲ့ဝင်ရဲဘော်တစ်ဦးက CJ Platform ကိုပြောသည်။


ကလေးမြို့နယ်သည် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား မကြာခဏ တိုက်ပွဲပြင်းထန်လေ့ရှိသည့် ဒေသတစ်ခုဖြစ်ပြီး တိုက်ပွဲများကြောင့် ဒေသခံများသည် ဘေးလွတ်ရာတိမ်းရှောင်နေရတာကြောင့် ယခုသီးနှံရိတ်သိမ်းရာသီတွင် အလုပ်သမားရှားပါးမှုနှင့် ငွေကြေးအခက်အခဲများကို ရင်ဆိုင်ကြုံတွေ့နေရခြင်းကြောင့် PDF တပ်ဖွဲ့ဝင်များမှ ကူညီလုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။
ဓာတ်ပုံ- PDF Kalay တပ်ရင်း(၂)
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကလေးမြို့ #PDF #သီးနှံရိတ်သိမ်း