PDF တွေက ဆိတ်ကျောင်းသားကို သတ်ပြီး ဆိတ်အကောင် ၇၀ ကျော်ကို ခိုးယူသွား ဆိုတဲ့ လုပ်ကြံသတင်း

Author မင်းထက်
Categories
Published on Dec 07, 2023

Positive Angle News (APN) ဆိုတဲ့ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်ကနေ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်မှာ ဒီဇင်ဘာ ၆ ရက်နေ့ မွန်းလွဲပိုင်းက  PDF တွေက ဆိတ်ကျောင်းသားတစ်ဦးကို သတ်ဖြတ်ပြီး ဆိတ်အကောင် ၇၀ ကျော်ကို ခိုးယူသွားတယ် ဆိုတဲ့ လုပ်ကြံသတင်းတစ်ပုဒ်ကို ဖြန့်လာခဲ့ပါတယ်။

 

အဲဒီပို့စ်ကို ဒီဇင်ဘာ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်ကနေ စတင်ဖြန့်ဝေလာခဲ့တာဖြစ်ပြီး ဒီကနေ့ ဒီဇင်ဘာ ၇ ရက်နေ့  ည ၉ နာရီခွဲ၀န်းကျင်မှာတော့ ပျံ့နှံ့မှုက  like & react ၂၀၀ ကျော် ၊ ကြည့်ရှုသူ   ၁၀၀၀၀ ဝန်းကျင်နဲ့ မှတ်ချက်ပေးမှု သုံးခု ရှိတာ တွေ့ရပါတယ်။

 

ဒီပို့စ်ကို အခြား စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွေဖြစ်တဲ့ (Link- https://archive.is/OOrrT ) နဲ့ ဖေ့စ်ဘွတ်ခ်တွေ (ကြည့်ရန် link – https://archive.ph/xWb4P)မှာပါ ထပ်မံမျှဝေတာတွေ ဖြန့်ဝေတာတွေလည်း တွေ့ရပြီး အဲ့ဒီချန်နယ်တွေမှာ ပျံ့နှံ့မှုကလည်း တစ်သောင်းကျော်ထိ ရှိနေတာကို တွေ့ရပါတယ်။

 

ဒီသတင်းကို သတင်းတု၊ သတင်းမှား စစ်ဆေးတဲ့နည်းတွေနဲ့ စိစစ်ကြည့်တဲ့အခါမှာ သူတို့ဖန်တီးထားတဲ့  သတင်း အမျိုးအစားဟာ သတင်းဖြစ်စဥ်မှန်ကန်ပေမယ့် သတင်းမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေm လွဲမှားနေတဲ့ အကြောင်းအရာတွေဖြစ်နေတာ ၊ မသက်ဆိုင်တဲ့ အခြေနေတစ်ခုကို ဖန်တီးချိတ်ဆက်ပြီးတော့ လှည့်စားလိုတဲ့ သဘောနဲ့ တင်ဆက်ထားတဲ့ လုပ်ကြံသတင်း အမျိုးအစားတစ်ု ဖြစ်နေတာကို တွေ့ရပါတယ်။

 

အကြောင်းအရာ အချက်အလက်တွေကိုလည်း လိုသလို ပြောင်းလဲ အသုံးပြုထားပြီးတော့ မသက်ဆိုင်တဲ့ အခြေအနေအခင်းအကျင်းနဲ့ လှည့်စားကာ ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားထားတာ တွေ့ရပါတယ်။

 

သူတို့ ဖော်ပြထားတဲ့ ဒီသတင်းအကြောင်းအရာနဲ့ ပက်သက်ပြီး လွတ်လပ်တဲ့ သတင်းဌာနတွေမှာလည်း CJ Platform ရဲ့ စိစစ်နိုင်စွမ်းတွေအရ လိုက်လံ ရှာဖွေရာမှာ ဖော်ပြထားတာ မရှိတာကို တွေ့ရပါတယ်။

 

ဒီသတင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ တောင်မြို့ကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်တွေနဲ့ ဒေသခံပြည်သူတွေကို စုံစမ်းမေးမြန်းခဲ့ရာမှာတော့ ဒီဇင်ဘာ (၆) ရက်နေ့ နံနက် (၁၀) နာရီခန့်မှာ စစ်ကိုင်းမြို့နယ် ၊ ကြွယ်ပုံပျူရွာအတွင်းကနေ  ပျူစောထီးတစ်ဦး  ဆိတ်ကျောင်းထွက်လာချိန်မှာ လက်နက်ကိုင်ဆောင်ထားတဲ့ ပျူစောထီးငါးဦးနဲ့အတူ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ တောင်မြို့ကျေးရွာ နယ်နိမိတ်အထိ နယ်ကျွံ၀င်ရောက်လာသောကြောင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရတာဖြစ်ပြီး တိုက်ခိုက်ပွဲအတွင်းမှာ ပျူစောထီးတစ်ဦးပါ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

တိုက်ပွဲအတွင်း သေဆုံးသူဆီကနေ  G3 တစ်လက် သိမ်းဆည်းရမိခဲ့ပြီး ၊ ဆိတ်အကောင်ရေ ၁၀ ကောင် ကျော်သာ သိမ်းဆည်းရမိကြောင်း ဒေသခံသတင်းအရင်းမြစ်များက အတည်ပြုပြောကြားချက်တွေနဲ့ CJ Platform က သတင်းဖော်ပြထားပါတယ်။

 

ဖတ်ရှုရန်သတင်းအပြည့်အစုံ – https://bitly.ws/34MMK

 

အခုလိုမျိုး ပြည်သူတွေအကြား လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ပျံ့နှံ့နေတာတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသင့်တဲ့အတွက် CJ Platform ရဲ့ “အလွယ်မယုံနဲ့” ကဏ္ဍကနေ စိစစ်ဖော်ပြလိုက်ရပါတယ်။

 

ပြည်သူတွေအနေနဲ့ မှန်လား/မှားလားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့ သတင်းမျိူးတွေ တွေ့ခဲ့ရင်လည်း CJ Platform Facebook Page မှာ လာရောက် မေးမြန်းထားလို့ ရပါတယ်။

 

အလွယ်မယုံလိုက်ကြနဲ့နော်။

Related News

Depend on news