Ooredoo ဆက်သွယ်ရေးကုမ္ပဏီကို မြန်မာနိုင်ငံသားပိုင် စင်္ကာပူအခြေစိုက်ကုမ္ပဏီထံရောင်းချရန် စီစဥ်နေဟုဆို

Author လင်းခိုင်
Categories
Published on Sep 05, 2022

ကာတာနိုင်ငံအခြေစိုက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် Ooredoo ဆက်သွယ်ရေးလုပ်ငန်းသည် မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးမျိုးမြင့်အုန်းပိုင် စင်္ကာပူ The One Matrix Ventures ကုမ္ပဏီထံ ရောင်းချရန်စီစဥ်နေသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

လက်ရှိ အော်ရီဒူးလုပ်ငန်းများကို လွှဲပြောင်းရယူမည့် TOMVသည် စစ်ကောင်စီ၏ အတည်ပြုချက်ရရှိရန် ဆောင်ရွက်နေပြီး မိတ်ဖက်ပါတနာဖြစ်လာနိုင်သည့် ကုမ္ပဏီများနှင့် ဆက်သွယ်နေကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

အော်ရီဒူးကို ရောင်းချမည့်ကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်ထောက်အမြဲတမ်းအတွင်းဝန် ဦးမိုးကျော်စိုးက ယခုရောင်းချမည့်ကိစ္စနှင့်ပတ်သက်ပြီး သတင်းမရရှိသေးဟုဖြေကြားကြောင်း သိရသည်။

အော်ရီဒူးအနေဖြင့် လက်ရှိပြည်တွင်းမှ ထွက်ခွာရန်ပြင်ဆင်သည့် ဒုတိယမြောက်ဆက်သွယ်ရေးကုမ္ပဏီဖြစ်ပြီး နော်ဝေအခြေစိုက် တယ်လီနောဆက်သွယ်ရေးကုမ္ပဏီသည် ယခုနှစ်မတ်လတွင် ပြည်တွင်းမှ ထွက်ခွာသွားခဲ့သည်။
CJ Platform အနေဖြင့် အဆိုပါသတင်းကို အတည်ပြုနိုင်ရန် အော်ရီဒူးမှ အဆင့်မြင့် တာဝန်ရှိသူများကို ည ၈နာရီခန့်က ဆက်သွယ်ရာတွင် ပြန်လည် ဖြေကြားခဲ့ခြင်းမရှိပဲ မန်နေဂျာအဆင့် ဝန်ထမ်းတစ်ဦးကမူ ၄င်းတို့ကိုယ်တိုင် သေသေချာချာ မသိရသေးဟု ပြောသည်။