Online School တွေမှာ စာသင်နှစ်တွေကို ဘယ်လိုသတ်မှတ်သလဲ ? ဒီနှစ် Online School တွေ ကျောင်းအပ်နှံသူ ရှိရဲ့လား ?

Published on Jun 16, 2024

ကြားကာလပြည်သူ့ပညာရေးအတွက် ဖွင့်လှစ်ထားတဲ့ Online School တွေဟာ အခုဆိုရင် သက်တမ်းအားဖြင့် နှစ်နှစ်ကျော်ထိ ရောက်ရှိလာပြီဖြစ်ပါတယ်။ Online School တွေမှာ စာသင်နှစ်တွေကို ဘယ်လို သတ်မှတ်ထားလဲ? ပဋိပက္ခကာလ ကြာရှည်လာတာနဲ့အမျှ Online School တွေမှာ တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူတွေ ပိုတိုးလာလား ကျဆင်းသွားလားဆိုတာ လက်ရှိ Online School သုံးကျောင်းမှာ ဦးဆောင်ပါဝင်နေသူ ဆရာ AK နဲ့ ဆက်သွယ်မေးမြန်းထားတာလေးကို ဒီတစ်ပတ်ရဲ့ “Way To Education” အစီအစဉ်ကနေ ဖော်ပြလိုက်ပါတယ်။

ဒီအစီအစဉ်လေးဟာ ကိုယ့်သားသမီး ပညာရေးအတွက် ရတတ်မအေးဖြစ်နေတဲ့ မိဘတွေ။ ပဋိပက္ခကာလကြားမှာ ကိုယ့်သားသမီးကို ပညာရေး မသွေဖည်သွားစေချင်တဲ့ မိဘတွေအတွက် ရည်ရွယ်ပါတယ်။

ကလေးငယ်တွေရဲ့ ပညာရေးအတွက် မိဘတွေမှာ စိုးရိမ်ပူပန်မှုတွေ များစွာရှိနေပါလိမ့်မယ်။ CJ Platform ရဲ့ “Way To Education” အစီအစဉ်လေးမှာ လာရောက် ရင်ဖွင့်မေးမြန်းနိုင်ပါတယ်။

ဖေဖေ၊ မေမေ၊ ဦးဦး၊ ဒေါ်ဒေါ်တို့ရဲ့စိတ်ထဲမှာ ကြားကာလပညာရေးနဲ့ပတ်သက်ပြီး စိတ်ထဲ ဘာတွေမတင်မကျဖြစ်နေပါသလဲ? ဘာတွေ သိချင်နေပါသလဲ? ကြားကာလပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေသူတွေကို ဘာတွေများ မေးမြန်းချင်နေပါသလဲ?

ကျွန်တော်/ကျွန်မတို့ CJ Platform သတင်းဌာနရဲ့ Facebook Page Messenger ကနေပဲဖြစ်ဖြစ်၊ အခု Post လေးမှာ Comment လေးရေးသားလို့ဖြစ်စေ မေးခွန်းလေးတွေ ချန်ထားခဲ့လို့ ရပါတယ်။

မေးမြန်းမှုတွေကို အပတ်စဉ် စနေနေ့ ည ၉ နာရီမှာ CJ Platform ရဲ့ YouTube ၊ တနင်္ဂနွေနေ့ ည ၉ နာရီမှာ CJ Platform ရဲ့ Facebook Page တို့မှာ ပြန်လည် ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။

YouTube တွင် ကြည့်ရှုရန် >>> https://youtu.be/QZ_-tRbRpVI

#CJPlatform #WayToEducation