NUG အစိုးရကို ကိုရီးယားအစိုးရမှ အသိအမှတ်ပြုနိုင်ရန် လွှတ်တော်၌ ကြိုးပမ်းသွားမည်ဟု တောင်ကိုရီးယား ဒီမိုကရက်တစ်ပါတီ ကတိပြု

Author လင်းခိုင်
Categories
Published on Oct 20, 2022

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ကိုရီးယားအစိုးရမှ အသိအမှတ်ပြုနိုင်ရန် လွှတ်တော်၌ ကြိုးပမ်းသွာမည်ဟု တောင်ကိုရီးယား ဒီမိုကရက်တစ်ပါတီက ကတိပြုခဲ့သည်။

ကိုရီးယားသမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် NUG၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာ၀န်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်းသည် ၂၀၂၂ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်တွင် မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသည့် ကိုရီးယားပါတီအသီးသီးမှ လွှတ် တော်အမတ် ၃ ဦးနှင့်တွေ့ဆုံရာ၌ ဒီမိုကရက်တစ်ပါတီက ကတိပြုပြောကြားခဲ့ခြင်းဖြစ်ကြောင်း NUG ၏ထုတ်ပြန်ချက်အရသိရသည်။

ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ်ဖြစ်သူ MR-KO YOUNG IN က မြန်မာ့ဒီမိုကရေစီ အရေးကို အ စဉ်တစိုက် အားပေးထောက်ခံခဲ့ကြောင်း၊ ယခုနှစ်အတွင်းတွင် အာဏာရနှင့် အတိုက်ခံ လွှတ်တော် အ မတ် ၈၀ ကျော်ဖြင့် ကော်မတီတစ်ရပ်ဖွဲ့ထားပြီး NUG အစိုးရကို ကိုရီးယားအစိုးရမှ အသိအမှတ်ပြုနိုင်ရန် လွှတ်တော်တွင်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ကတိပြုကြေားခဲ့သည်။

ထို့ပြင် တရားမျှတရေးပါတီမှ အမျိုးသမီးလူငယ်လွှတ်တော်အမတ် MRS-JANG HYE YEONG က စစ်ကောင်စီမှ နိုင်ငံရေးလှုပ်ရှားသူများကို သေဒဏ် ပေးခြင်းအပေါ် မိမိတို့ပါတီနှင့် ကိုရီးယားပြည်သူလူထုက လုံး၀လက်ခံနိုင်ခြင်းမရှိကြောင်း၊ ဆက်လက် ပြီး စစ်ကောင်စီမှ သေဒဏ်စီရင်ရန် အမိန့်ချမှတ်ခံထားရသူ ဒီမိုကရေစီရေးလှုပ်ရှားသူများစွာရှိနေသေးသည့်အတွက် ကိုးရီးယားလွှတ်တော်မှ တရား၀င် ကန့်ကွက်တောင်းဆိုမှုဖြစ်ပေါ်လာနိုင်ရန် အပြင်းအ ထန်လှုပ်ရှားသွားမည်ဟု ပြောကြားခဲ့သည်။

ယင်းအပြင် အခြေခံလစာပါတီမှ အမျိုးသမီးလွှတ်တော်အမတ် MRS-YONG HYE IN က ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစားမြတ်နိုးသူတိုင်း မြန်မာ့ ဒီမိုကရေစီ အရေးလှုပ်ရှားမှုကို အားပေးထောက်ခံရမည်ဖြစ်ကြောင်း၊ ကိုရီးယားလွှတ်တော်အတွင်း သူမဆောင်ရွက်နေသည့် မြန်မာနိုင်ငံအား စီးပွားရေးပိတ်ဆို့သည့် ဥပဒေကို အတည်ပြုပြဌာန်းနိုင်သည်အထိ ဆက်လက်အားထုတ်ကြိုးပမ်းသွားမည်ဟု ပြောကြားသည်။

ကိုရီးယားလွှတ်တော်အမတ် သုံးဦးသည် စစ်တပ် တရားမ၀င်အာဏာသိမ်းမှု၊ ကျေးရွာအိုးအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအပေါ် နှိပ်စက်သတ်ဖြတ်ခြင်းတို့ကို ရှုတ်ချပြစ်တင်ခဲ့ပြီး၊ ဖက်ဒရယ်အခြေခံဥပဒေပြဌာန်းနိုင်သည်အထိ အားပေးထောက်ခံသွားမည်ကို ကတိပြုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Related News

Depend on news