NUG နှင့် KIO ပူးပေါင်းပြီး ကချင်ပြည်နယ် ပညာရပ်စုံ တက္ကသိုလ်ဖွင့်လှစ်
အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနှင့် KIO ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် “Kachin State Comprehensive University (KSCU) ဖွင့်ပွဲကို စက်တင်ဘာ ၁၂ရက်တွင် ကချင်ပြည်နယ် လိုင်ဇာမြို့တွင်ကျင်းးပခဲ့သည်။
ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်ကို ကချင်ပြည်နယ်အတွင်းရှိ အဆင့်မြင့်ပညာအဖွဲ့အစည်း တက္ကသိုလ် ကေယလိပ် သင်တန်းကျောင်း ၈ခု ပေါင်းစည်းဖွဲ့စည်းထားခြင်းဖြစ်ပြီး KIP ပညာရေးဌာန၏ အထက်တန်းစာမေးပွဲအောင်မြင်သူများ ပထမနှစ်သင်တန်းကိုတက်ရောက်နိုင်မည်ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် KIO ဒုတိယဥက္ကဌနှင့် ကချင်အမျိုးသားပညာရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးဂွမ်မော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဒုတိယ ဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်း၊ ဒုတိယဝန်ကြီး ဒေါ်ဂျာထွယ်ပန်တို့က ဂုဏ်ပြုနှုတ်ခွန်းဆက်မိန့်ခွန်းများ အသီးသီးပြောကြားခဲ့သည်။