NLD ကို အတုယူပြီး ‘ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ’ဥပဒေကိုစစ်ကော်မရှင်ထုတ်ပြန် မင်းအောင်လှိုင် အတိုင်ပင်ခံပုဂ္ဂိုလ်လုပ်ဖို့ကြံ


အရင် NLD အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ပြဋ္ဌာန်းခဲ့တဲ့နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဥပဒေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးဆိုပြီး အပြင်းအထန် ကန့်ကွက်ခဲ့တဲ့ စစ်တပ်ဟာ၊ အခုတော့ အဲဒီဥပဒေကိုပဲ အတုယူပြီးပြည်ထောင်စုအတိုင်ပင်ခံကောင်စီဆိုတဲ့ ဥပဒေအသစ်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ယာယီသမ္မတအဖြစ် လက်မှတ်ရေးထိုးပြီးပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေ” (ဥပဒေအမှတ် ၃/၂၀၂၆) ကို ထုတ်ပြန်လိုက်တာပါ။

အထူးခြားဆုံးအချက်ကတော့ ဒီဥပဒေကို ထုတ်ပြန်တဲ့နေရာမှာ လက်ရှိ မြန်မာနိုင်ငံမှာ ပြည်ထောင်စုလွှတ်တော် ဆိုတာ မရှိတော့ပေမယ့်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေပြုခွင့်အာဏာကို ကျင့်သုံးပြီး ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။

အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်အတွက် အတိုင်ပင်ခံရာထူး ဖန်တီးခဲ့စဉ်ကတော့ စစ်တပ်ကိုယ်စားလှယ်တွေက ဒါဟာဥပဒေပြုရေးဆိုင်ရာ အာဏာသိမ်းမှုဖြစ်တယ်လို့ ဝေဖန်ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

အဒီဥပဒေအရအတိုင်ပင်ခံကောင်စီဟာ သမ္မတကို အကြံပေးရုံတင်မကဘဲ အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိစ္စတွေမှာပါ ဩဇာညောင်းမယ့် အခွင့်အာဏာတွေ ရှိနေပါတယ်။ ဒါဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ ရွေးကောက်ပွဲအပြီးမှာ ပေါ်လာမယ့် အစိုးရကို နောက်ကွယ်ကနေအတိုင်ပင်ခံအမည်ခံပြီး ကြိုးကိုင်အုပ်ချုပ်ဖို့ ကြိုးစားလာတဲ့ပုံဖြစ်ပါတယ်။

Related News

Depend on news