ထီးလှိုင်ရှင် အပျော်စီးသင်္ဘော နစ်မြုပ်

မွန်ပြည် မော်လမြိုင်မြို့ ထားဝယ်ဆိပ်ခံတံတားမှာ ရပ်နားထားတဲ့ ထီးလှိုင်ရှင် အပျော်စီး သင်္ဘောဟာ ဒီကနေ့ ဇူလိုင် ၂၁ရက်နေ့ မနက် ၁နာရီခန့်မှာ ရေဝင်ပြီး မနက် ၄နာရီခန့်မှာ နစ်မြုပ်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ချိန် သင်္ဘောနဲ့ ဆိပ်ကမ်းဘောတံတား တိုက်မိပြီး သင်္ဘောဝမ်းဗိုက်ပေါက်ကာ နစ်မြုပ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ နစ်မြုပ်သွားတဲ့ ထီးလှိုင်ရှင် သင်္ဘောကို ရေစီးနဲ့ မျောပါမသွားဖို့ ဆိုင်းကြိုးတွေနဲ့ တွဲထားပြီး ပြန်လည် ဆယ်ယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
မိုးတွင်းကာလဖြစ်ပြီး အပန်းဖြေလုပ်ငန်းတွေ ရပ်နားထားတာကြောင့် သင်္ဘောနစ်မြုပ်မှုမှာ ထိခိုက်သူ မရှိဘူးလို့လဲ ဒေသခံတွေဆီက သိရပါတယ်။
ဒီသတင်းဟာ CJ Platform ရဲ့ Citizen Journalists တစ်ဦးပေးပို့လာတဲ့ သတင်းဖြစ်ပါတယ်။
CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက CJ Platform Facebook Page Messenger ကနေဖြစ်စေ၊ Telegram မှာ @cjreport1 လို့ ရှာဖွေပြီး ပေးပို့နိုင်ပါတယ်။
ဓာတ်ပုံ – ပြည်တွင်းရေကြောင်းပို့ဆောင်ရေး