KTV တွင် ပိုက်ဆံမရှင်းဘဲ စစ်တပ်ကလူကွ ဟုပြောဆိုခဲ့သည့် မင်းသားကြီး ဝိုင်းရိုက်ခံ

Author ကိုပေါက်
Categories
Published on Nov 26, 2022

 

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ KTV တစ်ခုတွင် ယမန်နေ့ညပိုင်းက သီချင်းသီဆိုပြီး ပိုက်ဆံမရှင်းဘဲ စစ်တပ်လူကွဟု ကြွေးကြော်ခဲ့သူတစ်ဦးကို လူငယ်များက ဝိုင်းရိုက်ခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။

စစ်တပ်ထောက်ခံသူများထဲတွင် နာမည်ကြီးသူတစ်ဦးဖြစ်သည့် မင်းသားကြီး(ခ) အောင်ဆန်းဦး အပါအဝင် သုံးဦးသည် ယမန်နေ့ ညပိုင်းက ပြည်ကြီးတံခွန်ရှိ KTV တစ်ခုတွင် သီချင်းသီဆိုပြီး ပိုက်ဆံရှင်းရန် ပြောရာမှ မရှင်းသည့်အတွက် လူငယ်အချို့က ဝိုင်းရိုက်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“ဆက်ရှင်ကြေး လေးနာရီစာနဲ့ စားထားသောက်ထားတာတွေ ရှင်းဖို့ပြောတာ မရှင်းနိူင်ဘူး ငါ့ကိုဘာကောင်ထင်လဲ မင်းသားကြီးကွ စုံစမ်းကြည့် အခုစစ်တပ်ကို ခေါ်လို့ရတယ် ပြောလို့ လူငယ်အချို့က ခေါင်းရိုက်ခွဲသွားတာ”ဟု ရှင်းပြသည်။

မင်းသားကြီးနှင့်အတူ လိုက်ပါသူ သုံးဦးမှာ KTV အခန်းတွင် ဝင်ရောက်သီချင်းဆိုခြင်း မရှိသည့်အတွက် မင်းသားကြီးတစ်ဦးသာ အရိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က လေးဦးလာတာ မင်းသားကြီးတစ်ဦးပဲ KTV ဝင်တာ သုံးဦးကအပြင်မှာသောက်တယ် သူတို့ဘာသာ ရှင်းတယ် ပြသာနာစဖြစ်တာ လူငယ်သုံးယောက်နဲ့ မင်းသားကြီးက မင်းတို့က သုံးယောက် ငါတို့က လေးယောက်ရှိတယ် ပြောတယ် ပါလာတဲ့ သုံးယောက်က KTV ဆိုတာ ငါတို့မပါဘူးဆိုပြီး ပြန်သွားတာ အဲ့မှာ သူက စစ်တပ်ကိုခေါ်မယ်လုပ်လို့ ခေါင်းရိုက်ခွဲသွားတာ ဆယ်ချက်ချုပ်ရတယ်”ဟု ဒေသခံ လူငယ်တစ်ဦးက CJ Platform ကိုပြောသည်။

လက်ရှိအခြေအနေတွင် မင်းသားကြီး(ခ )အောင်ဆန်းဦးမှာ အဆိုပါရိုက်မှုနှင့် ပတ်သက်၍ စစ်တပ်ကို တိုင်ကြားခဲ့ရာ KTV တွင် ဖြစ်သည့်ပြသာနာဖြစ်၍ ကိုယ်ဖြစ်ကိုယ်ခံဟုဆိုကာ ကူညီရှင်းလင်းပေးခဲ့ခြင်း မရှိကြောင်း စစ်တပ်နှင့်နီးစပ်သူတွေဆီက သိရသည်။

ဓာတ်ပုံ- CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မန္တလေးမြို့ #ပြည်ကြီးတံခွန် #KTV #မင်းသားကြီး