KNU ၏ ပထမဆုံးတပ်စိတ်မှူးသင်တန်း ဆင်းပြီ၊ လက်ရွေးစင် တပ်စိတ်မှူး ၃၀ နီးပါးမွေးထုတ်နိုင်

Author လင်းနွေဦး
Categories
Published on Oct 31, 2023

ကရင်အမျိုးသားအစည်းအရုံး(KNU)ကပြုလုပ်သော ပထမဆုံးတပ်စိတ်မှူးသင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၈ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး တပ်စိတ်မှူး ၂၈ ဦးမွေးထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ပြင်းထန်သော စစ်သင်တန်းဖြစ်သည့်အတွက် သင်တန်းသားအချို့ သင်တန်းပြီးဆုံသည်အထိ မတက်ရောက်နိုင်ခဲ့ဘဲ လက်ရွေးစင် သင်တန်းသား(၂၈)ဦးသာ အောင်မြင်သည်အထိ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲကို KNU အုပ်ချုပ်မှု နယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ တပ်မဟာ(၃)ဒါးစူပလော၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တပ်စိပ်မှူးဖြစ်သင်တန််််းသည် တပ်မဟာအဆင့် တပ်ပိုင်းဆိုင်ရာ တာဝန်ရှိခေါင်းဆောင်များမှ ဦး​ဆောင်ကာ သင်တန်းနည်းပြ(၅)ဦးဖြင့် ပထမဆုံးအကြိမ်ပို့ချသော သင်တန်းဖြစ််််သည်။

သင်တန်းကာလမှာ ဇူလိုင်လမှစတင်ကာ ယခုလ အောက်တိုဘာ(၂၈)ရက်နေ့၌ ပြီးဆုံးခဲ့ခြင်းဖြစ်ပြီး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)ဌာနချုပ်၊ KNLA တပ်ရင်း (၇/၈/၉)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃)တို့မှ တပ်စိတ်မှူးများ တက်ရောက်ခဲ့ကြောင်း KNU ထံမှ သိရသည်။

(၄) လကြာ သင်တန်း၏ ရည်ရွယ်ချက်မှာ မိမိလက်အောက်ရှိ တပ်သားများကို ခေါင်းဆောင်နိုင်စေရန် ရည်ရွယ်ပြီး စာတွေ့၊ လက်တွေ့များ ပို့ချနိုင်ခဲ့သည်ဟု K.N.U က ဆိုသည်။

သင်တန်းဆင်းပွဲသို့ တပ်မဟာ(၃)တပ်မဟာမှူး ဗိုလ်မှူးချုပ် စောလေးတရော်၊ တပ်ရေးဗိုလ်ကြီး စောအားဇက်၊ ဒုဗိုလ်မှူးကြီး စောဖီးထယ်၊ ခလယ်လွီထူခရိုင် အတွင်းရေးမှူး ပဒိုစောကနဲထူးဗြိုင်း၊ ခလယ်လွီထူခရိုင် ကရင်အမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး နော်သဘွဲဖော၊ ခလယ်လွီထူခရိုင် ကရင်လူငယ်အစည်းအရုံး အတွင်းရေးမှူး သရာစောတောဒိုထူးတို့မှ တက်ရောက်ခဲ့သည်။

ထို့ပြင် ကျောင်းသူ၊ ကျောင်းသားများနှင့် ပြည်သူလူထုများပါ တက်ရောက်အားပေးခဲ့ပြီး အခမ်းအနားတွင် သင်တန်းပြီးမြောက်သည့် တပ်စိပ်မှူးအသစ််များကို တပ်မဟာမှူးကိုယ်တိုင် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည့်နောက် သင်တန်းဆင်းပွဲကိုအောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။