KNU တပ်မဟာ ၅ နယ်မြေတွင် ၂ရက်အတွင်း တိုက်ပွဲ၆ကြိမ်ဖြစ်

Author ခေတ်နီ
Categories
Published on Sep 24, 2022

ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ကရင်လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၅ နယ်မြေ ဖာပွန်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် KNLAတို့ နှစ်ရက်တာ အတွင်းတိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း မူတြော်သတင်းက သတင်းထုတ်ပြန်ထားသည်။

ဖာပွန်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ နတ်တောင်ခြေကုတ်စခန်းကို KNU တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကယမန်နေ့ စက်တင်ဘာလ ၂၃ရက်နေ့မှာ ၂ ကြိမ်သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိသည်။

ထို့ပြင့် စက်တင်ဘာလ ၂၂ ရက်နေ့ ဖာပွန်မြို့တောင်ဘက်ရှိ ဝါဒိုးဒေသတွင် ၁ ကြိမ် ၊ ထော်မူပလဲမဲဒေသတွင် ၁ ကြိမ် ၊ ဝါသိုးခို ရွာအနီးတွင် ၁ ကြိမ် ၊ ဖာပွန်မြို့အနောက်တောင်ဘက် မဲဝိုင်စခန်းအနီးတွင် ၁ ကြိမ် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား၂ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရရှိခဲ့ကာ စစ်ကားတစ်စီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရသည် ။