KNLA ပူးပေါင်းတပ်မှ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၃)ဦးသေ

Published on Aug 31, 2022

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား၃ ဦးသေဆုံးခဲ့တယ်လို့ KNU ဗဟိုက သြဂုတ် ၃၀ရက်တွင်ထုတ်ပြန်ထားသည်။

ကျိုက်ထိုမြို့နယ် ပျဥ်းကတိုးကုန်းကျေးနယ်အုပ်စုရှိ မုပ္ပလင်အနီးတွင်  နယ်မြေကျူးကျော်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို KNLA တပ်ရင်း(၃)ပူးပေါင်းတပ်ဖွဲ့မှဩဂုတ် လ ၂၆ရက်နေ့မှာ မိုင်းဆွဲတိုက်ခိုက် ခဲ့တာဖြစပြီး စစ်ကောင်စီတပ်သား (၃)ဦးးသေဆုံးခဲ့​ခြင်းဖြစ်သည်။

KNUအုပ်ချုပ်နယ်မြေကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီမှမကြာခဏ လက်နက်ကြီးပစ်ခတ်မှုများနှင့် စစ်ရေးလှုပ်ရှားမှုများကြောင့်ပျဥ်းကတိုးကုန်း ကျေးနယ်အုပ်စု၊ ဝင်းကံကျေးနယ်အုပ်စု၊
ဇီးပြောင်းကျေးနယ်အုပ်စု၊ဝင်းကလောကျေးနယ်အုပ်စုများမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရပြီး နေရပ် မပြန်နိုင်သေးသော ဒေသခံစစ်ဘေးရှောင် ၆၀၀၀ကျော်ရှိတယ်လို့လဲ ထုတ်ပြန်ချက်မှာပါရှိသည်။