INYA URBAN FORCE အဖွဲ့မှ ရဲဘော်အချို့အား ဖက်ဆစ်စစ်တပ်မှ ဖမ်းဆီးခဲ့သော်လည်း ပြောက် ကျားတိုက်ပွဲများ ဆက်လက်ဆင်နွှဲမည်ဟု ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Oct 31, 2022

ဖက်ဆစ် စစ်တပ်၏ ထောက်တိုင် ဗိုလ်ချုပ်အုန်းသွင် (ငြိမ်း)နှင့် သားမက်တို့ကို ရှင်းလင်းခဲ့သည့် INYA URBAN FORCE အဖွဲ့မှ ရဲဘော်အချို့ ဖမ်းဆီးခံခဲ့ရသော်လည်း ပြောက်ကျားတိုက်ပွဲများ ဆက်လက် ဆင်နွှဲမည်ဖြစ်ကြောင်း ယင်းအဖွဲ့က ယနေ့တွင် ထုတ် ပြန်ထားသည်။

မကြာမီရက်ပိုင်းအတွင်း ရန်ကုန်ရှိ IUF ရဲဘော်အချို့ ဖမ်းဆီးထိန်းသိမ်းခံရပြီး အဆက်အသွယ်ပြတ်တောက်လျက်ရှိခဲ့ကြောင်း၊ ဖမ်းဆီးခံရသည့် ရဲဘော်များ ၏ အသက်အန္တရာယ် စိုးရိမ်ရပြီး သတင်းအချက်အလက်အချို့ပေါက်ကြားသွားပြီဟု မှတ်ယူကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ဖမ်းဆီးခံရဲဘော်များနှင့် ဆက်စပ်လျက်ရှိသည့် ကွင်းဆင်များကို အချိန်မီပြောင်းရွှေ့နိုင်ခဲ့သဖြင့် လွတ်မြောက်နယ်မြေအတွင်းရောက်ရှိခဲ့ကြောင်း၊ ကျန်ရှိရဲဘော်များမှ ရန်ကုန်အတွက် ပြောက်ကျားစစ်ဆင်ရေးများ ဆောင်ရွက်သွားမည်ဖြစ်ကာ ရန်ကုန်မြို့လွတ်မြောက်ပြီး စစ်အာဏာရှင်စနစ် ကျရှုံးသည်အထိ တော်လှန်သွားမည်ဟု ဆိုထားသည်။

INYA URBAN FORCE (IUF) သည် ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုအနေဖြင့် မြေပြင်ထောက်လှမ်းခြင်း၊ စစ်တပ်ထောက်တိုင်များနှင့် စစ်ခေါင်းဆောင်များကို ရှင်းလင်းခြင်း၊ အခြားပြောက်ကျားတပ်ဖွဲ့များနှင့် လက်တွဲလုပ်ဆောင်ခြင်းဆောင်ရွက်ကာ၊ မစ်ရှင်များထဲမှ အချို့ကို ပြည်သူများထံ ကြေညာထားပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

INYA URBAN FORCE (IUF) သည်စက်တင်ဘာ ၂၄ရက်တွင် ဖက်ဆစ် စစ်တပ်၏ ထောက်တိုင် ဗိုလ်ချုပ်အုန်းသွင်(ငြိမ်း)နှင့် သားမက်တို့ကို ရှင်းလင်းခဲ့ပြီး ယင်းတို့၏ လက်ကိုင်ဖုန်းအတွင်းမှ ဖက်ဆစ် စစ်တပ် ခေါင်းဆောင်ပိုင်း တာ၀န်ရှိသူများနှင့် စစ်တပ်ထောက်တိုင်များ၏ အချက်အလက်များကို ရရှိထားသည်။

ဖက်ဆစ်စစ်တပ်သည် အောက်တိုဘာ ၃၀ ရက်တွင် INYA URBAN FORCE (IUF) အဖွဲ့အား ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။