ပစိဖိတ်ကမ်းရိုးတန်းမှာ အင်အားပြင်းငလျင်တွေ လှုပ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ရ

Author CJ Platform
Categories
Published on Jul 21, 2025

ရုရှားနိုင်ငံ ကမ်ချတ်ကာ ကျွန်းဆွယ်အနီးမှာ ဇူလိုင်လ ၂၀ရက်နေ့ တနင်္ဂနွေနေ့က  ပြင်းအား ၇ဒသမ၄ အဆင့်ရှိ ငလျင်တစ်ခုအပါအဝင် အင်အားပြင်းငလျင်တွေ ဆက်တိုက် လှုပ်ခတ်ခဲ့ပါတယ်။

ငလျင်တွေက    ပေထရိုပါဗလော့ဗ်စ် ကမ်ချက်စကီ မြို့အနီး ကမ်းလွန် ၁၄၀ ကီလိုမီတာခန့်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ၃၂ မိနစ်အတွင်းမှာပဲ ပြင်းအား ၆ဒသမ၇ နဲ့ ၅ဒသမသုည အဆင့်ရှိတဲ့ နောက်ထပ်ငလျင်နှစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါသေးတယ်။

ဒါကြောင့် ပစိဖိတ် ဆူနာမီသတိပေးရေးစင်တာ (PTWC) က ဆူနာမီသတိပေးချက် ကနဦးပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ထူးခြားတဲ့ ပင်လယ်လှိုင်းကြီးတွေ ဖြစ်ပေါ်မလာတဲ့အတွက် နောက်ပိုင်းမှာ သတိပေးချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သွားခဲ့ပါတယ်။

ရုရှားအရေးပေါ်ဝန်ကြီးဌာနကလည်း ဒေသခံတွေကို ကမ်းရိုးတန်းဒေသတွေနဲ့ ဝေးဝေးမှာနေဖို့ သတိပေးတိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ဒီငလျင်တွေကြောင့် ထိခိုက်သေဆုံးမှုတွေနဲ့ အကြီးအကျယ် ပျက်စီးမှုတွေတော့ မရှိခဲ့ပါဘူး။

ကမ်ချတ်ကာဒေသဟာ ပစိဖိတ်ကျောက်လွှာနဲ့ မြောက်အမေရိက ကျောက်လွှာတို့ ထိစပ်နေတဲ့ ငလျင်ကြောတစ်ခုအဖြစ် လူသိများတဲ့ နေရာဖြစ်ပါတယ်။

Source – AI Jazeera

 

The Moscow Times