Golden Eagle Myaylatt မှ တာဝေးပစ် Rocket နှင့် ပခုံးထမ်းလောင်ချာ ထုတ်လုပ်အောင်မြင်၊ လက်နက်စမ်းသပ်ရင်း ရဲဘော်တစ်ဦး ညှပ်ရိုးကျိုး

Author လင်းခိုင်
Categories
Published on Dec 12, 2022

 

Goleden Eagle Myaylatt မှ တာဝေးပစ် Rocket နှင့် ပခုံးထမ်းလောင်ချာ ထုတ်လုပ်အောင်မြင်ခဲ့ပြီး၊ လက်နက်စမ်းသပ်ရင်း ရဲဘော်တစ်ဦး ညှပ်ရိုးကျိုး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းအဖွဲ့မှ သိရသည်။

တာဝေးပစ် Rocket သည် ၃ မိုင်ခွဲခန့် တိကျစွာပစ်ခတ်နိုင်ပြီး၊ ပခုံးထမ်း ဗုံးပစ်လောင်ချာကို လည်းစမ်းသပ်ထုတ်လုပ်အောင်မြင်ခဲ့ကြောင်း၊ ယခုကဲ့သို့ လက်နက်ကြီးများ ထုတ်လုပ်နိုင်ရန် သုံးလကျော် စမ်းသပ်မှုများပြုလုပ်ခဲ့ကြောင်း ရွှေလင်းယုန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လင်းယုန်က CJ Platform သို့ပြောကြားသည်။

“ဗုံးသီး နှစ်မျိုးနဲ့ပစ်ခတ်လို့ရတဲ့ ပခုံးထမ်း ဗုံးပစ်လောင်ချာ ကုန်ကျစရိတ်က တစ်သိန်းခွဲပါ၊ ကျည်ဆန်တတောင့်ကို ငါးထောင်ကနေ ခြောက်ထောင်ကြား ကုန်ကျပါတယ်။ ကျကွဲကျည်ကတော့ တစ်သောင်းနဲ့ နှစ်သောင်းကြားကုန်တယ်။ တာဝေးပစ်ရော့ကတ်ကျည်ကတော့ တလုံးကို နှစ်သိန်းနဲ့ ရှေ့ထွက်မိုင်းကတော့ တစ်သိန်းခွဲကုန်ကျတယ်” ဟု ဗိုလ်လင်းယုန်ကပြောကြားသည်။

ပခုံးထမ်းလောင်ချာ စမ်းသပ်ရင်း Goleden Eagle Myaylatt မှ ရဲဘော်တစ်ဦး ညှပ်ရိုးကျိုးဒဏ်ရာရရှိခဲ့ပြီး CDM ဆရာ၀န်၊ ဆရာမများဖြင့် ဆေးကုသမှု ခံယူခဲ့ရမှုများရှိကြောင်း၊ လက်နက်များ ထပ်မံထုတ်လုပ်နိုင်ရန် ကုန်ကြမ်း၀ယ်ယူမှုနှင့် ထုတ်လုပ်စရိတ်အတွက် အခက်အခဲများရှိနေကြောင်း ဗိုလ်လင်းယုန်က ဆက်လက် ပြောကြားသည်။

“ စစ်ရေးအရတော့ ကျွန်တော်တို့ ထိပ်တိုက်ရင်ဆိုင်ဖို့အားနည်းနေသေးတယ်။ ပျောက်ကြားစနစ်နဲ့ဆက်သွာအုန်းမှာ၊ ဒါပေမဲ့နောက်ပိုင်း မြို့သိမ်းတိုက်ပွဲတွေမှာ ထိ အခုလက်နက်တွေကို သုံးဖို့စီစဉ်ထားတယ်။ နည်းပညာအရအရကတော့ ရာနှုန်းပြည့်အောင်မြင်ခဲ့ပါပြီ” ဟု ဗိုလ်လင်းယုန်ကပြောကြားသည်။

ပခုံးထမ်း ဗုံးပစ်လောင်ချာသည် ရန်သူ သေနတ် ငါးလက်စာကို တစ်လည်တည်းဖြင့် ခံပစ်လို့ရကြောင်း၊ တာဝေးပစ် ရော့ကတ်သည် ၃ မိုင်ခွဲမှ ၄ မိုင်ခွဲအထိ ပစ်ခတ်နိုင်သည့်အတွက် စစ်ရေးအရ များစွာအထောက်အကူပြုကြောင်း၊ မကြာမီအချိန်တွင်လည်း Goleden Eagle Myaylatt မှ အမဲလိုက်ပွဲများ စတင်တော့မည်ဖြစ်ပြီး၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု ထုတ်ပြန်ထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ပုခုံးထမ်းလောင်ချာ