ဟောင်ကောင်မှာ အနီရောင်အဆင့် မိုးမုန်တိုင်း သတိပေးချက် ထုတ်ပြန်

Author CJ Platform
Categories
Published on Jul 10, 2025

ဟောင်ကောင်မှာ တိုင်ဖွန်းမုန်တိုင်း ဒါနတ် Danas ရဲ့ အကြွင်းအကျန်တွေကြောင့် မိုးတွေဆက်တိုက် သည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးပစ်တာ၊ လေပြင်းတိုက်တာတွေ ဖြစ်ပေါ်နေလို့ မိုးလေဝသဌာနက အနီရောင်အဆင့် သတိပေးချက်ကို ဒီကနေ့ ဇူလိုင် ၁၀ ရက် ကြာသပတေးနေ့မှာ ဒုတိယအကြိမ်အဖြစ် ထုတ်ပြန်လိုက်တယ်လို့ ဟောင်ကောင်သတင်းတွေမှာ ဖော်ပြထားပါတယ်။

 

အခုမုန်တိုင်းကြောင့် လမ်မာကျွန်း၊ လန်တောင်းကျွန်းနဲ့ တောင်ပိုင်းခရိုင်တွေအပါအဝင် ဟောင်ကောင်ရဲ့ နေရာတချို့မှာ မိုးရေချိန် ၇၀ မီလီမီတာကျော် ရွာသွန်းခဲ့ပြီး ဖြစ်ပါတယ်။
ဒါကြောင့် အာဏာပိုင်တွေက မိုးဆက်ပြီး သည်းထန်စွာ ရွာနိုင်တာ၊ လေပြင်းတိုက်ခတ်တာ မိုးကြိုးပစ်တာတွေ ဖြစ်နိုင်တယ်ဆိုတဲ့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

 

ဒီအခြေအနေတွေအရ ပညာရေးဗျူရိုက ကျောင်းသားတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ဒီနေ့ နေ့လယ်ပိုင်းနဲ့ သောကြာနေ့ တစ်ရက်လုံးမှာ ကျောင်းအားလုံး ပိတ်ထားမယ်လို့ ကြေညာလိုက်ပါတယ်။
သောကြာနေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အလယ်တန်းကျောင်းအပ်နှံမှုတွေကိုလည်း လာမယ့် တနင်္လာနေ့ကို ရက်ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ကလေးထိန်းကျောင်းတွေ၊ ကျောင်းချိန်ပြင်ပ သင်တန်းတွေနဲ့ အထူးစောင့်ရှောက်ရေး ဝန်ဆောင်မှုတွေကိုလည်း သောကြာနေ့အထိ ဆက်လက်ပိတ်ထားမှာ ဖြစ်ပြီး၊ မြို့တော်အနေနဲ့ ဆက်ဖြစ်လာနိုင်တဲ့ ဆိုးရွားတဲ့ ရာသီဥတုအတွက် ကြိုတင်ပြင်ဆင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

 

Source – The Standard (HK)

 

ဓာတ်ပုံ – South China Morning Post

 

Related News

Depend on news