အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်း ၁,၃၀၀ ကျော်ကို အလုပ်ထုတ်

Author CJ Platform
Categories
Published on Jul 12, 2025

ဖက်ဒရယ်အစိုးရကို အရွယ်အစားလျှော့ချဖို့ ရည်ရွယ်တဲ့ ထရန့်အစိုးရရဲ့ ဖွဲ့စည်းပုံပြန်လည်ပြင်ဆင်ရေး အစီအစဉ်အရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ဇူလိုင် ၂၂ ရက်နေ့ သောကြာနေ့မှာ ဝန်ထမ်း ၁,၃၅၃ ဦးကို အလုပ်ထုတ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

 

အလုပ်ထုတ်ခံရသူတွေထဲမှာ အရပ်ဘက်ဝန်ထမ်း ၁,၁၀၇ ဦးနဲ့ သံတမန်ဝန်ထမ်း ၂၄၆ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

 

ဒီလုပ်ရပ်ဟာ အထူးသဖြင့် ဒုက္ခသည်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအစီအစဉ်တွေကို ကိုင်တွယ်ဖြေရှင်းနေတဲ့ ရုံးတွေကို ထိခိုက်စေတဲ့အတွက် အမေရိကန်ရဲ့ သံတမန်ရေးရာကို အားနည်းစေလိမ့်မယ်လို့ ဝေဖန်သူတွေက သတိပေးခဲ့ကြပါတယ်။

 

အခုလို အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနအပြင်ဘက်မှာလည်း ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 

နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကတော့ ဒီလိုလျှော့ချမှုဟာ လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားတာ မဟုတ်ဘဲ မလိုအပ်တော့တဲ့ ရာထူးနေရာတွေကိုသာ ပစ်မှတ်ထားတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

ဒီဖွဲ့စည်းပုံအပြောင်းအလဲနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ စိန်ခေါ်မှုတွေ လည်း ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။

 

ဝန်ကြီးဌာနအနေနဲ့ အမေရိကန်ပြည်ထောင်စုအခြေစိုက် ဝန်ထမ်းအင်အားရဲ့ ၁၈ ရာခိုင်နှုန်းကို လျှော့ချဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

 

Source – BBC

 

ဓာတ်ပုံ – BBC

 

 

 

 

Related News

Depend on news