စင်ကာပူကို ကလေးငယ်တွေ ခိုးသွင်းတဲ့ လူကုန်ကူးအဖွဲ့ကို အင်ဒိုနီးရှား ဖမ်းဆီး

Author CJ Platform
Categories
Published on Jul 16, 2025

အင်ဒိုနီးရှားရဲတပ်ဖွဲ့ဟာ စင်ကာပူနိုင်ငံဆီကို မွေးကင်းစကလေးငယ် အနည်းဆုံး ၁၄ ဦးကို ခိုးသွင်းရောင်းစားခဲ့တဲ့ ကလေးသူငယ် လူကုန်ကူးအဖွဲ့က သံသယရှိသူ ၁၂ ဦးကို ဖမ်းဆီးလိုက်ပါတယ်။

 

အဲဒီအဖွဲ့ဟာ အခက်အခဲရှိတဲ့ မိခင်တွေထံကနေ ကလေးတွေကို ရယူပြီး ဘော်နီယိုကျွန်းပေါ်က ပွန်တီယာနက်မြို့ကနေ တစ်ဆင့် စာရွက်စာတမ်းအတုတွေ လုပ်ပြီး ပြည်ပကို ပို့ဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

 

လူကုန်ကူးသူတွေက ငွေကြေးသဘောတူညီချက်အတိုင်း မပေးလို့ မိဘတစ်ဦးက ပြန်ပေးဆွဲမှုအဖြစ် တိုင်ကြားရာကနေ ဒီအမှုကို စတင် စုံစမ်းခဲ့တာလို့ သိရပါတယ်။

 

အာဏာပိုင်တွေက ကလေးငယ်ခြောက်ဦးကို ကယ်တင်ထားနိုင်ခဲ့ပြီး၊ အဲဒီအဖွဲ့ဟာ လူစုဆောင်းတာကနေ စာရွက်စာတမ်းအတု ပြုလုပ်တာအထိ တာဝန်တွေ ခွဲဝေပြီး ၂၀၂၃ ခုနှစ်ကတည်းက လည်ပတ်လုပ်ကိုင်နေခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

 

အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းမှာတော့ လူကုန်ကူးမှုဟာ အဓိက ပြဿနာတစ်ခုဖြစ်နေပြီး ရဲတပ်ဖွဲ့တွေကလည်း စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

 

Source – South China Morning Post

 

ဓာတ်ပုံ – CAN