လူမှုကူညီရေးအသင်းတစ်ခုက အတွင်းရေးမှူးနဲ့ အသင်းသားတစ်ဦးကို လူ ၄ဦးက ဓားနဲ့ဝိုင်းခုတ်

Author CJ Platform
Categories
Published on Jul 11, 2025

မွန်ပြည် ရေးမြို့နယ် မော့နင်ကျေးရွာမှာ ရှိတဲ့ ရွှေဟင်္သာလူမှုကူညီရေးအသင်းက အတွင်းရေးမှူးနဲ့ အသင်းသားတစ်ဦးကို ဇူလိုင် ၉ရက်နေ့ ညနေ ၆နာရီခန့်မှာ အမည်မသိ အမျိုးသား ၄ဦးက ဓားနဲ့ဝိုင်းခုတ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ရွှေဟင်္သာလူမှုကူညီရေးအသင်းက ထုတ်ပြန်ထားပါတယ်။

 

အသင်း အတွင်းရေးမှူးနဲ့ အသင်းသားတစ်ဦးဟာ လမိုင်းမြို့ကနေ ဆိုင်ကယ်နဲ့ ပြန်လာစဉ် ကော့လဝဲရပ်ကွက်အနီးမှာ ဆိုင်ကယ်တစ်စီးနဲ့ အမျိုးသား ၄ဦးက နောက်ကနေ လိုက်လာပြီး ဓားနဲ့ ဝိုင်းခုတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ဓားနဲ့ခုတ်ခံခဲ့ရတဲ့ ရွှေဟင်္သာလူမှုကူညီရေးအသင်း အတွင်းရေးမှူးနဲ့ အသင်းသားဟာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပြီး အခင်းဖြစ်စဉ်နေရာအနီးမှာ တပ်ဆင်ထားတဲ့ CCTV မှတ်တမ်းတွေကို ရရှိထားတယ်လို့ ရွှေဟင်္သာလူမှုကူညီရေးအသင်းက ဆိုပါတယ်။

 

ကျူးလွန်ခဲ့သူတွေကို CCTV မှတ်တမ်းတွေအရ ဖမ်းဆီးနိုင်ဖို့ လုပ်ဆောင်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

 

ဒီသတင်းဟာ CJ Platform ရဲ့ Citizen Journalists တစ်ဦးပေးပို့လာတဲ့ သတင်းဖြစ်ပါတယ်။

 

CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက  CJ Platform Facebook Page Messenger ကနေဖြစ်စေ၊ Telegram မှာ @cjreport1 လို့ ရှာဖွေပြီး ပေးပို့နိုင်ပါတယ်။

 

ဓာတ်ပုံ – ရွှေဟင်္သာလူမှုကူညီရေးအသင်း