ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ဒေါ်နယ်ထရန့် ရနိုင်လား

Author CJ Platform
Categories
Published on Jul 19, 2025

ရုရှားနဲ့ ပဋိပက္ခ ဖြစ်နေတဲ့ ယူကရိန်းကို အဆင့်မြင့်လက်နက်တွေ ပေးပို့သွားမယ်လို့ ကြေညာခဲ့ပေမဲ့ ဒေါ်နယ်ထရန့် ရဲ့ ၂၀၂၅ ခုနှစ် နိုဘယ် ငြိမ်းချမ်းရေးဆု ရရှိနိုင်ခြေက မကြာသေးခင်ကစပြီး ကျဆင်းလာတယ်လို့ သိရတယ်။

 

၂၀၁၈ ခုနှစ်ကတည်းက အကြိမ်ကြိမ် အမည်စာရင်းတင်သွင်းခံခဲ့ရပေမဲ့ ထရန့် ဟာ ဒီဆုကို အခုထိ ရရှိသေးတာမျိုး မရှိပါဘူး။

 

အခု ၂၀၂၅ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က သူ့ကို အမည်စာရင်း တင်သွင်းခဲ့ပါသေးတယ်။ ပါကစ္စတန်ကလည်း ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းပေးခဲ့ပေမယ့် အီရန်ကို ဗုံးသွားကြဲလို့ ၂၄ နာရီအတွင်း ပြန်လည် ရုပ်သိမ်းသွားခဲ့ပါတယ်။

 

လောင်းကစား ဝက်ဘ်ဆိုက်တွေမှာတော့ ထရန့် ဟာ ရုရှား လူ့အခွင့်အရေးလှုပ်ရှားသူ ယူလီယာ နာဗယ်နိုင်ယာ ရဲ့နောက်မှာ ဒုတိယနေရာက ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ထရန့် ကတော့ ယူကရိန်း ဒါမှမဟုတ် အရှေ့အလယ်ပိုင်းမှာ ဘယ်လို ရလဒ်တွေပဲ ထွက်ပေါ်လာပါစေ ဒီဆုကို မျှော်လင့်မထားဘူးလို့ ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်ပြောဆိုခဲ့ပါတယ်။

 

ထရန့် က ဥရောပရဲ့ ရန်ပုံငွေ ပံ့ပိုးမှုနဲ့ ယူကရိန်းကို လက်နက်တွေ ပြန်ထောက်ပံ့ခဲ့တာဟာ ဇူလိုင်လအစောပိုင်းတုန်းက လက်နက်ထောက်ပံ့မှုကို ခေတ္တ ရပ်ဆိုင်းခဲ့ပြီးနောက်မှာ ဖြစ်ပေါ်လာတာပါ။ ဒါ့အပြင် သူက ရုရှား သမ္မတ ပူတင် ကို အပစ်အခတ် ရပ်စဲဖို့ ရက် ၅၀ အချိန်ပေး ရာဇသံပေးခဲ့ပြီး လျစ်လျူရှုခဲ့ရင် ပြင်းထန်တဲ့ အကောက်ခွန်တွေနဲ့ အရေးယူသွားမယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။

 

၂၀၂၅ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ် ဆုရှင်ကို လာမယ့် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကြေညာသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်နယ်ထရန့် နိုဗယ်ဆုရဖို့ အလားအလာကတော့ ဆုပေးပွဲအနီးမှာ ပိုမို ကျဆင်းနေတာမို့ ရမရ ဆက်လက် စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

 

Source – Newsweek

 

ဓာတ်ပုံ – CNN