Facebook တွင်တင်သမျှ Post များကို ဟဟ ပေးသည့်အမျိုးသားတစ်ဦး ဓားဖြင့်ထိုးခံရ

Author ကိုပေါက်
Categories
Published on Dec 01, 2022

 

စစ်ကိုင်းမြို့ အုတ်စက်ရပ်ကွက်၌ ယမန်နေ့ ညပိုင်းက လူမှုကွန်ရက်စာမျက်နှာတွင် တင်သမျှ Post များကို ဟဟ လိုက်ပေးနေသည့် အမျိုးသားတစ်ဦး ဓားဖြင့်ထိုးခံရ၍ သေဆုံးခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

စစ်ကိုင်းမြို့ ပန်းဘဲတန်းရပ်ကွက် အုတ်စက်ရပ်၌ ယမန်နေ့ည ရှစ်နာရီဝန်းကျင်က အမျိုးသားနှစ်ဦး အရက်အတူသောက်ကြရင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဟဟ ပေးသည့်ကိစွဖြင့် စကားများရန်ဖြစ်ကြရာမှ ဓားထိုးမှု့ဖြစ်ခဲ့သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“မင်းက ဘာသဘောနဲ့ ငါpost တင်တိုင်း ဟဟ ပေးတာလဲဆိုပြီး ထိုးတဲ့သူက ပြောတာကို သေတဲ့သူကပြန်ပြောတယ် မင်းတင်တာတွေက ရယ်စရာပါလို့ ပြောလိုက်တာ အဲ့ဒီမှာတင် အောင်ကိုဇင်က နောက်တစ်ခါ မရယ်နိူင်အောင် လုပ်ပေးမယ်ဆိုပြီး ဓားနဲ့ထိုးလိုက်တာ”ဟု ရှင်းပြသည်။

သေဆုံးသူမှာ ကိုဖိုးသား(ခ)ကိုသန်းဇော်ဦး ဖြစ်ပြီး မိခင်ဖြစ်သူနှင့်ဇနီးဖြစ်သူကို လုပ်ကိုင် ကျွေးမွေးနေသူတစ်ဦး ဖြစ်သည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။

လက်ရှိအခြေအနေတွင် ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံရ ကိုအောင်ကိုဇင်အား စစ်ကိုင်းမြို့မရဲစခန်းမှ ညပိုင်းတွင် ဖမ်းဆီးရမိကာပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားသည်ဟု သိရသည်။
ဓာတ်ပုံ- CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #Facebook #စစ်ကိုင်းမြို့ #ဓားထိုးမှု

Related News

Depend on news