Environmental Journalism Training

Author CJ Platform
Categories
Published on Sep 21, 2023

မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု၊ အကြမ်းဖက်မှု၊ စစ်ရာဇဝတ်မှုများအား သတင်းမီဒီယာများမှ ရေးသားဖော်ထုတ်နေမှုများအပြင် မြန်မာစစ်တပ်နှင့် အပေါင်းပါများ၏ လုပ်ငန်းစဉ်အချို့ကြောင့် ပျက်စီးယိုယွင်းလာသည့် သဘာဝပတ်ဝန်းကျင်ဖြစ်စဉ်များကိုလည်း ရေးသားဖော်ထုတ်ရန် လိုအပ်ပေသည်။

ကမ္ဘာမြေကြီးသည် လူသားများအား ထမ်းပိုးထားကာ သူ၏ စွမ်းရည်များအား ထုတ်လုပ်အသုံးပြုခွင့် ပေးထားသည်။ ၎င်းတို့သည် အကန့်သတ်ဖြင့်သာ ရှိနေသည်။ အလိုရမ္မက်ကြီးမားလွန်းလှသည့် အုပ်စိုးလိုသူများ လက်ထက်တွင် ကမ္ဘာမြေကြီးသည် ပျက်စီးယိုယွင်းမှုများ ဖြစ်ပေါ်သည်။ ၎င်းတို့အား မှတ်တမ်းတင် ထိန်းသိမ်းနိုင်ရန်မှာ သတင်းထောက်များတွင်လည်း တာဝန်ရှိသည်။ မှတ်တမ်းတင် ဖော်ပြနိုင်ရန် Environmental Journalism အား သိကျွမ်းမှုသည် အရေးကြီးလှသည်။

ယခု သင်တန်းနှင့် ပတ်သက်၍ သင်ကြားပြသပေးမည့် ဒေါက်တာလွင်လွင်ဝေက ယခုကဲ့သို့ဆိုသည်။

“အာဏာသိမ်းပြီးနောက်ပိုင်း ပတ်ဝန်းကျင် ပြဿနာတွေ အများကြီး ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။ environmental journalists တွေ ရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Environmental Journalism Training သင်ဖို့ course design ဆွဲနေတာ ကြာပါပြီ၊ ခု CJ အဖွဲ့အစည်းနဲ့ IRC joint program ပါ”ဟု ဒေါက်တာလွင်လွင်ဝေက ဆိုသည်။

Environmental Journalism သင်တန်းအား CJ Platform သတင်းဌာနနှင့် Insight Research Corner တို့ ပူးပေါင်းကာ စက်တင်ဘာလ ၂၇၊၂၈၊၂၉ ရက်နေ့ မနက် ၉နာရီမှ ၁၂နာရီအထိ သုံးရက်ကြာ သင်ကြားပေးသွားမည်ဖြစ်သည်။

ဒေါက်တာလွင်လွင်ဝေသည် Insight Research Corner ၏ Managing Director တစ်ဦးဖြစ်ပြီး ပြည်တွင်း/ပြည်ပ သုတေသနအဖွဲ့အစည်းများ ၊ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်း များနှင့်အတူ သုတေသနလုပ်ငန်းများကို လုပ်ဆောင်နေသူတစ်ဦးဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံအုပ်ချုပ်မှု (environmental governance)နှင့် လူမှုတရားမျှတမှု (social justice ) အစရှိသည့် ပညာရပ်နယ်ပယ်တွင် လည်း သုတေသန လုပ်ငန်းများကို ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် မဟာသိပ္ပံဘွဲ့ကိုရရှိခဲ့ပြီး ၂၀၁၄ ခုနစ်တွင် Nuclear Technology ပညာရပ်ဖြင့် ရန်ကုန်နည်းပညာတက္ကသိုလ်မှ Ph.D ဘွဲ့ကို ရရှိခဲ့သည်။ သဘာဝပတ်ဝန်းကျင်ပညာရပ်နှင့် ပတ်သက်၍ တိုင်ဝမ်နိုင်ငံ ရှိ National Tsing Hua University မှ “သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုနှင့်အစိမ်းနည်းပညာ” ခေါင်းစဉ်ဖြင့် ဒီပလိုမာဘွဲ့ ကို ရရှိခဲ့သည်။ ၎င်းအပြင် အမေရိကန်နိုင်ငံ ရှိ The Georgia Washington University မှ ရာသီဥတု ပြောင်းလဲခြင်းပညာရပ် အား လေ့လာသင်ယူခဲ့သူ ဖြစ်ပြီး ကနေဒါနိုင်ငံရှိ The St Francis Xavier University နှင့် Coady International Institute မှ ရွေးချယ်သော Global Change Leader award ကို ရရှိခဲ့သူ ဖြစ်သည် ။ နွေဦးတော်လှန်ရေးတွင်လည်း ပညာရှင်တစ်ဦးအနေဖြင့် ဦးဆောင်ပါဝင်နေသူတစ်ဦးဖြစ်သည်။

ပညာဒါနသင်တန်းတစ်ခုဖြစ်ပြီး Environmental Journalism အား မြန်မာဘာသာစကားဖြင့် သင်ကြားမည်ဖြစ်သဖြင့် Environmental Journalism အား စိတ်ပါဝင်စားသည့် သတင်းထောက်များအနေဖြင့် ပူးပေါင်းပါဝင် တက်ရောက်နိုင်ပါသည်။

သင်တန်းလျှောက်ထားရန် Link ….. https://docs.google.com/forms/d/e/1FAIpQLSdY4rATOqddKP9gQM9YgVShpvOu_qn7Y-IQdLExfdv5-07CAA/viewform?usp=sf_link