မျောက်မတစ်ကောင်က စလိုက်တဲ့ မြက်ပင်ဖက်ရှင်အသစ် ချင်ပန်ဇီတွေအကြား ခေတ်စားနေ

Author CJ Platform
Categories
Published on Jul 11, 2025

အာဖရိကတိုက် ဇမ်ဘီယာနိုင်ငံမှာရှိတဲ့ ချင်ဖန်ရှီ တောရိုင်းတိရစ္ဆာန်ကယ်ဆယ်ရေးစခန်းက ချင်ပန်ဇီမျောက်တွေဟာ မြက်ပင် ဒါမှမဟုတ် သစ်ကိုင်းတွေကို သူတို့ရဲ့ နားရွက်တွေနဲ့ စအိုတွေမှာတောင် ထည့်ပြီး ဆင်မြန်းကြတဲ့ အံ့အားသင့်စရာ “ဖက်ရှင်” အသစ်တစ်ခုကို ပြုလုပ်လာကြတယ်လို့ လေ့လာမှုအသစ်တစ်ခုအရ သိရပါတယ်။

 

ဒီအပြုအမူဟာ ၂၀၁၀ ခုနှစ်မှာ မျောက်မတစ်ကောင်က စတင်ပြုလုပ်ခဲ့ရာကနေ တခြားမျောက်တွေက လိုက်လံအတုခိုးခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

 

သုတေသီတွေကတော့ ဒီလုပ်ရပ်ဟာ လက်တွေ့အသုံးဝင်မှု တစ်စုံတစ်ရာမရှိဘဲ လူတွေရဲ့ ဖက်ရှင်လိုမျိုး လူမှုရေးဆိုင်ရာ ခေတ်ရေစီးကြောင်းတစ်ခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

သုတေသီတွေက ဒီအပြုအမူဟာ မျောက်တွေကို စောင့်ရှောက်သူ လူသားတွေက သူတို့နားတွေကို သစ်ကိုင်းနဲ့ သန့်ရှင်းရေးလုပ်တာကို အတုခိုးရာကနေ သင်ယူခဲ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

 

မိုင်ပေါင်းများစွာ ဝေးကွာတဲ့ နောက်မျောက်အုပ်စုတစ်စုမှာလည်း အလားတူအလေ့အထကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

 

ဒီအပြုအမူကို မျောက်တွေ အနားယူချိန်၊ အချင်းချင်း သန့်ရှင်းရေးလုပ်ချိန်နဲ့ ကစားချိန်တွေမှာ အများဆုံး လုပ်လေ့ရှိတာကို တွေ့ရပါတယ်။

 

ဒါဟာ လူတွေလိုပဲ ချင်ပန်ဇီတွေဟာ အဖွဲ့ထဲမှာ အံဝင်ခွင်ကျဖြစ်ဖို့နဲ့ ဆက်ဆံရေးခိုင်မာဖို့အတွက် လူမှုရေးဆိုင်ရာ အပြုအမူတွေကို သင်ယူကျင့်သုံးတတ်ကြောင်း ထင်ရှားစေတယ်လို့ သုတေသီတွေက ပြောပါတယ်။

 

ဒီလေ့လာမှုက ချင်ပန်ဇီတွေရဲ့ ယဉ်ကျေးမှုလက်ဆင့်ကမ်းနိုင်စွမ်းနဲ့ မျိုးစိတ်မတူသူတွေဆီက သင်ယူနိုင်မှုအပေါ် မေးခွန်းသစ်တွေ ထုတ်လိုက်သလိုဖြစ်ပြီး သတ္တလောကမှာ အသိဉာဏ်ဦးနှောက် ပထမဆုံး ဖွံ့ဖြိုးတိုးတက်ခဲ့တဲ့ သတ္တဝါတွေအကြောင်းကို လေ့လာတဲ့ ပရိုင်းမိတ်သတ္တဗေဒသုတေသနအတွက် လမ်းကြောင်းသစ်တွေ ဖွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။

 

Source – CNN

 

ဓာတ်ပုံ – NBC