Data Journalism Training

Author CJ Platform
Categories
Published on May 01, 2024

Insight Research Corner နှင့် CJ Platform တို့ ပူးပေါင်းလုပ်ဆောင်သည့် Data Journalism Training – Basic Course Concepts of Data Journalism သင်တန်းအတွက် သင်တန်းသားများ ဖိတ်ခေါ်ပါသည်။

 

သတင်းဌာနများတွင် လက်ရှိအချိန်ထိ သတင်းလုပ်ငန်းတာဝန်များအား ထမ်းဆောင်နေဆဲဖြစ်သည့် လုပ်သက် (၁) နှစ်အထက် သတင်းထောက်များ၊ လက်ရှိအချိန်ထိ သတင်းလုပ်ငန်းတာဝန်များအား ထမ်းဆောင်နေဆဲဖြစ်သည့် လုပ်သက် (၃)နှစ်အထက် အလွတ်တန်းသတင်းထောက်များ လျှောက်ထားနိုင်ပါသည်။ သင်တန်းသားဦးရေ (၃၅)ဦးထိ လက်ခံသင်ကြားသွားမည်ဖြစ်သည်။

 

Insight Research Corner မှ Managing Director တစ်ဦးဖြစ်သူ ဒေါက်တာလွင်လွင်ဝေမှ ဦးဆောင် သင်ကြားပေးသွားမည်ဖြစ်သည်။

 

ဒေါက်တာလွင်လွင်ဝေသည် ပြည်တွင်း/ပြည်ပ သုတေသနအဖွဲ့အစည်းများ ၊ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်း များနှင့်အတူ သုတေသနလုပ်ငန်းများကို လုပ်ဆောင်နေသူတစ်ဦးဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံအုပ်ချုပ်မှု (environmental governance)နှင့် လူမှုတရားမျှတမှု (social justice ) အစရှိသည့် ပညာရပ်နယ်ပယ်တွင် လည်း သုတေသန လုပ်ငန်းများကို ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် မဟာသိပ္ပံဘွဲ့ကိုရရှိခဲ့ပြီး ၂၀၁၄ ခုနစ်တွင် Nuclear Technology ပညာရပ်ဖြင့် ရန်ကုန်နည်းပညာတက္ကသိုလ်မှ Ph.D ဘွဲ့ကို ရရှိခဲ့သည်။ သဘာဝပတ်ဝန်းကျင်ပညာရပ်နှင့် ပတ်သက်၍ တိုင်ဝမ်နိုင်ငံ ရှိ National Tsing Hua University မှ “သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုနှင့်အစိမ်းနည်းပညာ” ခေါင်းစဉ်ဖြင့် ဒီပလိုမာဘွဲ့ ကို ရရှိခဲ့သည်။ ၎င်းအပြင် အမေရိကန်နိုင်ငံ ရှိ The Georgia Washington University မှ ရာသီဥတု ပြောင်းလဲခြင်းပညာရပ် အား လေ့လာသင်ယူခဲ့သူ ဖြစ်ပြီး ကနေဒါနိုင်ငံရှိ The St Francis Xavier University နှင့် Coady International Institute မှ ရွေးချယ်သော Global Change Leader award ကို ရရှိခဲ့သူ ဖြစ်သည် ။ နွေဦးတော်လှန်ရေးတွင်လည်း ပညာရှင်တစ်ဦးအနေဖြင့် ဦးဆောင်ပါဝင်နေသူတစ်ဦးဖြစ်သည်။

 

သင်ကြားမည့် အကြောင်းအရာများ

 

  •  Processes in Data Journalism
  •  Finding Data and Cleaning Data
  •  Newsroom Math and Statistics
  •  Understanding Variables in Data
  •  Data Analytical Tools
  •  Stories Ideas with Data Analysis
  •  Data Visualization
  •  Writing about Data

 

သင်တန်းအချိန်

မေလ ၂၁ရက်နေ့မှ ၂၃ရက်နေ့အထိ နေ့စဉ် နံနက် ၉နာရီမှ ၁၂နာရီထိ (ထိုင်းစံတော်ချိန်)

 

သင်ကြားမည့်နေရာ

Online Zoom Platform

 

သင်တန်းလျှောက်ထားရန်  ဤနေရာကိုနှိပ်ပါ

 

သင်တန်းလျှောက်လွှာများကို မေလ ၁၃ရက်နေ့ ည ၉နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်သည်။

မှတ်ချက် ။        ။ ပညာဒါနသင်တန်းတစ်ခုဖြစ်ပါသည်။ သင်တန်းတက်ရောက်သူ သင်တန်းသူ၊ သင်တန်းသားများအား သင်တန်းတက်ရောက်မှုအတွက် ထောက်ပံ့ငွေများ ပြန်လည်ပေးအပ်နိုင်မည် မဟုတ်ပါ။