CJ Platform မှ ဖွင့်လှစ်သည့် Basic Journalism Training သင်တန်းသားများ ခေါ်ယူခြင်း

CJ Platform မှ ဖွင့်လှစ်သည့် Basic Journalism Training သင်တန်း၊ သင်တန်းအမှတ်စဉ် Batch 1/2024 အား ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ လူငယ်များ၊ နိုင်ငံရေးအရ နယ်စပ်ဒေသများနှင့် နိုင်ငံခြားတိုင်းပြည်များတွင် ခိုလှုံ့နေထိုင်နေရသည့် လူငယ်များ လျှောက်ထားနိုင်ပါသည်။ သင်ခန်းစာများအား Online မှတဆင့် Zoom Application အား အသုံးပြုကာ သင်ကြားသွားမည်ဖြစ်ပြီး သင်ကြေးမှာ အခမဲ့ ဖြစ်ပါသည်။ သင်တန်းသားဦးရေအား (၂၀) ဦးအထိသာ လက်ခံသင်ကြားသွားမည်ဖြစ်သည်။
တက်ရောက်လိုသူများသည် –
၁။ အသက်၁၈နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
၂။ လူမျိုးဘာသာ၊ အသားအရောင်နှင့် လိင်စိတ်ခံယူမှု ကွဲပြားမှုများကို လေးစားလက်ခံတန်ဖိုးထားသူ ဖြစ်ရမည်။
၃။ လူ့အခွင့်ရေးနှင့် ဒီမိုကရေစီစံနှုန်းများကို လေးစားတန်ဖိုးထားသူဖြစ်ရမည်။
၄။ မီဒီယာလုပ်ငန်းကို အမှန်တကယ် စိတ်ဝင်စားသူ ဖြစ်ရမည်။
၅။ သင်တန်းချိန်အား မပျက်မကွက် တက်ရောက်နိုင်သူ ဖြစ်ရမည်။
၆။ အင်တာနက်ရရှိနိုင်သောနေရာတွင် နေထိုင်သူ ဖြစ်ရမည်။
၇။ Zoom Application အား အသုံးပြုနိုင်သည့် ဖုန်း သို့မဟုတ် ကွန်ပျူတာရှိရမည်။
သင်တန်းပျက်ကွက်ရက် မရှိဘဲ သင်တန်းဆရာများမှ ပေးအပ်သည့် လေ့ကျင့်ခန်းများအား ပြည့်မီစွာ လုပ်ဆောင်နိုင်သည့် သင်တန်းသားများအား သင်တန်းပြီးဆုံးကြောင်း လက်မှတ်နှင့် အင်တာနက်အသုံးပြုခများ ထုတ်ပေးသွားမည် ဖြစ်ပါသည်။ သင်တန်းပြီးဆုံးချိန်တွင် သင်တန်းသားများ၏ ဆန္ဒအရ CJ Platform တွင် အလုပ်သင်အဖြစ် ဝင်ရောက် လေ့လာခွင့်အားလည်း ပေးအပ်သွားမည်ဖြစ်ပါသည်။ သင်တန်းနှင့် ပတ်သက်၍ ထပ်မံသိရှိလိုသည်များအား info@cjplatform.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
သင်တန်းလျှောက်ထားရန် Link – https://forms.gle/Rc5pMC77yF4c1k9k7