CDM စစ်သည်များ၏ သားသမီးများကို KNU ကျောင်းထားပေး

Published on Sep 13, 2022

အလင်းဝင်လာသည့် CDM စစ်သည် နှစ်ဦး၏ သားသမီး ၄ဦးကို KNU က ကျောင်းအပ်နှံပေးကြောင်း ကရင်အခြေစိုက် KIC သတင်းဌာနက ဖော်ပြထားသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDM မိသားစုများ ပြန်လည်ပေါင်းစည်းရေး အစီအစဥ်အရ ကျောင်းနေအရွယ် ကလေးများပညာသင်ကြားရေးအတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ထိုသို့ ကျောင်းစတင်အပ်နှံပေးလိုက်ခြင်းဟု သိရသည်။

KNU ကျောင်းအပ်နှံပေးခဲ့သည့် ကလေးများမှာ CDM တပ်သားကိုဟိန်းစိုးနှင့် ဇနီး မကြည်ပြာဝင်းတို့၏ သားသမီး ၃ဦး၊ တပ်ကြပ်သန်းနိုင်ဦးနှင့် မစန္ဒီဗီးလှိုင်တို့၏သမီး ၁ဦးတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကလေးငယ် ၄ဦးသည် ယနေ့ကျောင်း စတင်တက်ရောက်ကြပြီဖြစ်ပြီး ပြည်သူ့စစ်သားဇနီးများအဖွဲ့ မှ ကျောင်းပညာရေးအထောက်အကူပြုပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-KIC