BGFက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင်သုံးဦးဒဏ်ရာရ
ကရင်ပြည်နယ် ဖားအံမြို့နယ်၊ ကျုံခနကျေးရွာ အုပ်စု၊ ညောင်ကန်းကျေးရွာအား BGFက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNUက ယနေ့ ထုတ်ပြန်ထားသည်။
ဖြစ်စဥ်သည် စက်တင်ဘာ ၂၄ရက်က BGFပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ညောင်ကုန်းကျေးရွာမှ အသက် (၈) နှစ်အရွယ်ကလေးငယ်တစ်ဦး (ဘယ်ဖက်လက်မောင်း လက်နက်ကြီးစ စိုက်ဝင်)၊ (၅၂) အရွယ်အမျိုးသမီးတစ်ဦး (ညာဖက်ပေါင် လက်နက် ကြီးစ စိုက်ဝင်)၊ ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး(ဘယ်ဖက်လက်ကောက် ဝတ် လက်နက်ကြီးစ ရှပ်ထိ) တို့ထိမှန်ခဲ့ပြီး နွားတစ်ကောင်နှင့်ဆိတ်တစ်ကောင်ပါထိမှန်ခဲ့သည်။
စစ်ကောင်စီလက်အောက်ခံ BGFအဖွဲ့သည် ညောင်ကုန်းစစ်ဆေးရေးဂိတ်မှ ရွာအတွင်းပစ်ခတ်ခဲ့ခြင်းဖြစ် ပြီး ယင်းပစ်ခတ်မှုကို BGF-၁၀၁၄တပ်ရင်း တပ်ခွဲ ၂လက်အောက်ခံ၊ တပ်ခွဲမှူး ဗိုလ်တင်ဝင်းဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်း KNUကထုတ်ပြန်ထားသည်။
ညောင်ကုန်းဂိတ်ရှိ BGF တပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူများအား ခေါ်ယူခြိမ်းခြောက်ခြင်း၊ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းများစသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ မကြာခဏ လုပ်ဆောင်လေ့ရှိကြောင်း KNUကထုတ်ပြန်ထားသည်။