BECA ကို မိဘတွေနဲ့ ကျောင်းသားတွေက ဘာပြောနေလဲ ?

Published on May 18, 2024

အမျိုးသားညီညွတ်ရေးအစိုးရ စတင်ဖွဲ့စည်းချိန်ကနေ လက်ရှိအချိန်ထိ စာမေးပွဲကြီးလို့ ခေါ်ဆိုနိုင်တဲ့ စာမေးပွဲဟာ ၂၀၂၃ခုနှစ် အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း Basic Education Completion Assessment စာမေးပွဲတစ်ကြိမ်သာ ကျင်းပနိုင်ခဲ့ပါတယ်။ ဒီစာမေးပွဲအတွက် စစ်ဆေးအကဲဖြတ်ရလဒ်မှတ်တမ်းနဲ့ အခြေခံပညာပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ဖို့အတွက်ကိုလည်း တစ်နှစ်ကျော်ထိ အချိန်ယူခဲ့ရတယ်လို့ ဝင်ရောက်ဖြေဆိုခဲ့သူ ကျောင်းသား၊ကျောင်းသူတွေဆီက သိရပါတယ်။

 

BECA စာမေးပွဲနဲ့ အခြေခံပညာပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်ထုတ်ယူရာမှာ ကျောင်းသား၊ကျောင်းသူတွေ ဘာတွေ ကြုံတွေ့နေရပါသလဲ။ မိဘတွေနဲ့ ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ BECA ကို ဘာတွေပြောချင်ပါသလဲ ဒီတစ်ပတ် CJ Platformရဲ့ “Way To Education” အစီအစဉ်ကနေ တင်ဆက်လိုက်ပါတယ်။

 

ဒီအစီအစဉ်လေးဟာ ကိုယ့်သားသမီး ပညာရေးအတွက် ရတတ်မအေးဖြစ်နေတဲ့ မိဘတွေ။ ပဋိပက္ခကာလကြားမှာ ကိုယ့်သားသမီးကို ပညာရေး မသွေဖည်သွားစေချင်တဲ့ မိဘတွေအတွက် ရည်ရွယ်ပါတယ်။

 

ကလေးငယ်တွေရဲ့ ပညာရေးအတွက် မိဘတွေမှာ စိုးရိမ်ပူပန်မှုတွေ များစွာရှိနေပါလိမ့်မယ်။ CJ Platform ရဲ့ “Way To Education” အစီအစဉ်လေးမှာ လာရောက် ရင်ဖွင့်မေးမြန်းနိုင်ပါတယ်။

 

ဖေဖေ၊ မေမေ၊ ဦးဦး၊ ဒေါ်ဒေါ်တို့ရဲ့စိတ်ထဲမှာ ကြားကာလပညာရေးနဲ့ပတ်သက်ပြီး စိတ်ထဲ ဘာတွေမတင်မကျဖြစ်နေပါသလဲ? ဘာတွေ သိချင်နေပါသလဲ? ကြားကာလပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေသူတွေကို ဘာတွေများ မေးမြန်းချင်နေပါသလဲ?

 

ကျွန်တော်/ကျွန်မတို့ CJ Platform သတင်းဌာနရဲ့ Facebook Page Messenger ကနေပဲဖြစ်ဖြစ်၊ အခု Post လေးမှာ Comment လေးရေးသားလို့ဖြစ်စေ မေးခွန်းလေးတွေ ချန်ထားခဲ့လို့ ရပါတယ်။

 

မေးမြန်းမှုတွေကို အပတ်စဉ် စနေနေ့ ည ၉ နာရီမှာ CJ Platform ရဲ့ YouTube ၊ တနင်္ဂနွေနေ့ ည ၉ နာရီမှာ CJ Platform ရဲ့ Facebook Page တို့မှာ ပြန်လည် ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။

 

YouTube တွင် ကြည့်ရှုရန် >>>  https://youtu.be/KQ-KX0JIUCQ