ရန်ကုန်မှာ Air-Con ပြုပြင်နေတဲ့ အမျိုးသားတစ်ဦး ၇လွှာကနေ ပြုတ်ကျသေဆုံး

Author CJ Platform
Categories
Published on Jul 15, 2025

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနဲ့ ကမ်းနားလမ်းထောင့်မှာရှိတဲ့ အထပ်မြင့်တိုက်ခန်းတစ်ခုရဲ့ ၇ လွှာမှာ ဇူလိုင် ၁၄ရက်နေ့ မနက် ၁၁နာရီခန့်က Air-Con ပြုပြင်နေတဲ့ အမျိုးသားတစ်ဦး  ပြုတ်ကျပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသတွင်း လူမှုရေးအဖွဲ့အစည်းတွေဆီက သိရပါတယ်။

 

Air-Con ပြုပြင်ရေး ဝန်ဆောင်မှု အဖွဲ့တစ်ခုက အမျိုးသားတစ်ဦးဟာ တိုက်ခန်းပြင်ပမှာရှိတဲ့ Outdoor Compressor ကို ပြုပြင်ချိန်မှာ ပြုတ်ကျခဲ့တာဖြစ်ပြီး ၊ ပြုတ်ကျတဲ့ အရှိန်ကြောင့် ဦးခေါင်းနဲ့ မျက်နှာထိခိုက်ကာ အသက်ဆုံးပါးသွားရတာ ဖြစ်တယ်လို့ သိရပါတယ်။

 

သေဆုံးသူဟာ အသက် ၃၀ဝန်းကျင်ရှိပြီး အုတ်ကျင်းမှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

 

ဒီသတင်းဟာ CJ Platform ရဲ့ Citizen Journalists တစ်ဦးပေးပို့လာတဲ့ သတင်းဖြစ်ပါတယ်။

 

CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက  CJ Platform Facebook Page Messenger ကနေဖြစ်စေ၊ Telegram မှာ @cjreport1 လို့ ရှာဖွေပြီး ပေးပို့နိုင်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်