AIကို အောင်နိုင်ပြီးနောက် အမေရိကန်မှ Talk Shows များ ပြန်လာမည်

Author လင်းနွေဦး
Categories
Published on Oct 03, 2023

Hollywood ရဲ့ စာရေးဆရာများ တိုက်ပွဲ (Writers Strike) အောင်မြင်မှုနှင့် ၎င်းတို့၏ လူသိများကျော်ကြားတဲ့ စကားပြော ပွဲ များပြန်လည် ပြုလုပ်မည် ဟု ကြေညာခဲ့သော Jimmy Fallon(ဂျင်မီ ဖလ်လန်)အပါအဝင် တခြားသော Celebrities သုံးဦးတို့ ယမန်နေ့ ည October 2 ရက်နေ့ ည က ပရိတ်သတ်ရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာပြီ လို့ The Associated Press media မှ ဖော်ပြသည်။

Writers Strike ခေါ် စာရေးဆရာများ တိုက်ပွဲဟာ ထုတ်လုပ်သူ ကုမ္ပဏီ ကြီး တွေ Studios ကြီးတွေ ကနေ လူသားဉာဏ်ရည်တု နည်းပညာ(AI) ကို အသုံးပြုပြီး စာရေးဆရာတွေနေရာ အစားထိုး မယ်လို့ ကြေညာ ခဲ့တဲ့ ပြီးခဲ့တဲ့ မေ လ ၂ ရက်နေ့ကနေ စပြီး ဖြစ်ပေါ်ခဲ့ပါတယ်။

အဆိုပါတိုက်ပွဲအား ၅ လကြာမျှ ဆင်နွှဲခဲ့ရပြီးပြီးခဲ့သည့် Writers Strike ခေါင်းဆောင် တွေနဲ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ထုတ်လုပ်သူတွေနဲ့ Studios ကြီးတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ကော်မတီကြား အစမ်းသဘောတူညီမှု ရရှိခဲ့ပြီး စက်တင်ဘာ ၂၇ ရက် နေ့ ညမှာတော့ အဆိုပါသဘောတူညီချက်ကို အတည်ပြု စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ စာရေးဆရာ သပိတ်မှောက်မှုကြီး အောင်မြင်သွားတဲ့ နောက်တွင် ကတိအတိုင်း စကားပြောရှိုးပွဲ ပဲ့ကိုင်ရှင်တွေ ဖြစ်တဲ့ Jimmy Fallon(ဂျင်မီ ဖလ်လန်),Stephen Colbert(စတီဖင် ကိုလ်ဘတ်),Jimmy Kimmel(ဂျင်မီ ကင်မလ်),Seth Meyers(စဟ်တ် မေယာ) တို့သည် ပရိတ်သတ်ရှေ့မှောက် သို့ ယမန်နေ့ညက ပြန်လည် ရောက်ရှိလာခဲ့ပြီး သက်ဆိုင်ရာ စကားပြောရှိုးပွဲများကို ပြုလုပ်ခဲ့ကြကြောင်း AP media မှ ဖော်ပြသည်။

နယူးယောက် ရှိ Ed Sullivan Theater(အက်ဒ် ဆူလီဗန်)ပွဲရုံ အတွင်း ပြုလုပ်ခဲ့သော Stephen Colbert(စတီဖင် ကိုလ်ဘတ်) ၏ စကားပြောပွဲ မစမှီ သူ၏ပရိတ်သတ်များထံသို့ နမ်းသည့်ပုံစံ ပြုလုပ်ပြခဲ့ပြီး သူ၏ နာမည်ကို ကြွေးကြော်ကာ ပြေးတက်လာခဲ့ခြင်းဖြစ်သည် ဟု သိရသည်။

တစ်ဆက်တည်းမှာပင် ” ပြန်လာရတာ ကောင်းလိုက်တာဗျာ…ခုတော့ writers strike ကြီးလည်း ပြီးဆုံးပြီး AI ကိုထိန်းချုပ်တာ၊လစာတိုးတာ၊ဖြန့်ချီရေးတွေကနေ ဝင်ငွေတွေရတော့မှာဖြစ်ပြီး သူတို့ရဲ့ နေရာအသီးသီးကို အန္တရာယ်ကင်းကင်း နဲ့ ပြန်ရောက်သွားတာသိရတာ တကယ်ကိုကောင်းပါတယ်” ဟု ပြောကြားခဲ့သည်။

နောက်ထပ် Talk Show အကျော်အမော် တစ်ဦးဖြစ်သူ Jimmy Kimmel မှလည်း” စာရေးဆရာတွေ တိုက်ပွဲက အချိန် တော်တော်ကြာခဲ့ပြီး ကျွန်တော်ဘယ်တော့မှ ပြန်လာရမလဲဆိုတာ မသိခဲ့ပါဘူး”ဟု သူရဲ့ ပရိသတ်ကို ပြောကြားခဲ့ သည်။

တခြားသော Talk Show အကျော်အမော် နှစ်ဦးမှလည်း သူတို့ရဲ့ ပရိသတ်များအား ဝမ်းသာဂုဏ်ယူကြောင်း အသီးသီးပြောကြားခဲ့ပြီး ပွဲများအား ပျော်ရွှင်စွာ ပြုလုပ်ခဲ့ကြသည်။

နောက်ထပ်သတင်းကောင်းအနေဖြင့်လည်း Writers Strike အား ဂျွန်လိုင်လတွင် ပူးပေါင်း ပါဝင်ခဲ့သော Actors Strike( သရုပ်ဆောင်များ)၏တိုက်ပွဲ သည်လည်း ယခုအခါ Writers Strike နှင့် ညှိနှိုင်းမှုရရှိခဲ့သော ထုတ်လုပ်သူကော်မတီ ဖြင့်ပင် စတင်ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်ပြီး လာမည့်အပတ်တွင် သတင်းကောင်းကြားရဖွယ်ရှိသည်ဟု AP media မှ ဖော်ပြသည်။