AA နှင့် စစ်ကောင်စီတို့၏ ထီးချိုင့်တိုက်ပွဲအတွင်း နှစ်ဖက်အကျအဆုံးများရှိခဲ့

Author ခေတ်နီ
Categories
Published on Oct 30, 2023

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကာလ တိုက်ပွဲများအတွင်း နှစ်ဖက်တပ်များအကြား အထိအခိုက်အကျအဆုံးများရှိခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးကာလ ပထမနေ့ဖြစ်သည့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်၏ အနောက်ဘက်တောင်ရိုးတလျှောက်၌ စစ်ကောင်စီတပ်များနှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှလေကြောင်းတိုက်ခိုက်မှုအများအပြားလုပ်ဆောင်ခဲ့ပြီး အပြန်အလှန်ထိုးစစ်ဆင်မှုများအတွင်း စစ်ကောင်စီတပ်၏ ထိခိုက်ကျဆုံးမှုများအပြင် မြောက်ပိုင်းတပ်ဖွဲ့ဝင်များလည်း ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

ထို့ပြင်လက်ရှိအချိန်အထိလည်း အဆိုပါနေရာတဝိုက်တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့ လှုပ်ရှားနေရာတစ်ခုဖြစ်သည့် လိုင်ဇာအနီး တိုက်ပွဲများ၌လည်း စစ်ဆင်ရေးများပူးပေါင်းဆင်နွှဲနေကြောင်း ဆိုထားသည်။

Related News

Depend on news