ဘီယာဆိုင်မှ ရဲစခန်းသို့ ပြန်လာသည့် ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲသုံးဦး ပစ်ခတ်ခံရပြီး သေဆုံး

Author မင်းထက်
Categories
Published on Jan 25, 2024

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်-မြို့သာလမ်းမပေါ်တွင် ဘီယာဆိုင်မှ ရဲစခန်းသို့ ပြန်လာသည့် ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲသုံးဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ ( မြင်းခြံ ) မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ယမန်နေ့ ၂၄ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် မင်းနေကုန်းရဲစခန်းမှ နဘူးအိုင်ကျေးရွာရှိ ဘီယာဆိုင်သို့ သွားကာ ဘီယာသောက်ပြီးနောက် ပြန်လာသည့် ရဲတပ်သားသုံးဦးကို ရဲစခန်းအနီး ကိုက် ၃၀၀ခန့် အကွာအဝေးသို့ အရောက်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

“ပစ်ခက်တိုက်ခိုက်မူမှာ စခန်းက ဒုရဲအုပ်ကျော်ကျော်ဆန်း အပါ၀င် နောက်လိုက်ရခ ၂ ကောင် ရှင်းလင်းနိူင်ခဲ့တယ်။ ပစ်ခက်တိုက်ခိုက်ခံရတဲ့ ရခတွေနဲ့ဆိုင်ကယ်က ချောက်ထဲပြုတ်ကျသွားတယ်” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ ( မြင်းခြံ ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ပစ်ခတ်ပြီးချိန်တွင် စခန်းမှ ရဲနှင့် စစ်သားများထွက်လာ၍ တော်လှန်ရေးရဲဘော်အားလုံး ထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – နဂါးနီမြင်းခြံ

 

ပုံစာညွှန်း – နဂါးနီမြင်းခြံ တပ်ဖွဲ့ဝင်များအား မြင်ရပုံ

 

Related News

Depend on news