မလှိုင်မြို့နယ် မိတ်ကုန်းကျေးရွာတွင် အုပ်ချုပ်ရေးမှူးနှစ်ဦး နှင့် သားဖြစ်သူ ပစ်ခတ်ခံရပြီး သေဆုံး

Author ပိုင်ရှန်းခ
Categories
Published on Jan 24, 2024

မန္တလေးတိုင်း မလှိုင်မြိုနယ် မိတ်ကုန်း ကျေးရွာတွင် ဇန်နဝါရီလ ၂၃ရက်နေ့ နံနက် (၆) နာရီခန့်က မိတ်ကုန်း ကျေးရွာအုပ်ချုပ်ရေးမှူး (ဟောင်း) ဦးလှဆောင်၊  ကျောက်တန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်နှင့် သားဖြစ်သူ တို့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုမှ နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးဦးလုံး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

 

မိတ်ကုန်ကျေးရွာရှိ ဦးလှဆောင်၏ နေအိမ်တွင် သုံးဦးလုံးရှိနေစဉ် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

“အုပ်ချုပ်ရေးမှူးကိုပစ်တော့ သူ့သားက ထွက်လာတာ အဲ့ဒါကို သူ့သားပါ ပစ်ခဲ့တာလို ကြားတယ် “ဟု အသက် ၃၀ ရှိ ရွာခံအမျိုးသားတစ်ဦးက  ပြောသည်။

 

ဦးလှဆောင်မှာ ယခင်က စစ်တပ်ကို သတင်းပေးလုပ်ခဲ့သည့်အတွက် ဒေသတွင် အဖမ်းခံရသူများ ရှိခဲ့ကြောင်း၊ အဆိုပါ သေဆုံးသူ သုံးဦး စလုံးမှာ မိတ်ကုန်းဇာတိများ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

 

ယခင် ကျောက်တန်းကျေးရွာ အုပ်ချုပ်ရေးမှူးမှာလည်း ယမန်နှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ ပစ်ခတ်ခံခဲ့ရသဖြင့် သေဆုံးသွားခဲ့ပြီး အဆိုပါပစ်ခတ်မှုကို UGFM ( Mahlaing) အဖွဲနှင့် Myingyan Twenty One Guerilla Force အဖွဲမှ ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ထားကြောင်း သိရှိရသည်။

 

ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို သီးခြား ထုတ်ပြန်လာခြင်း မရှိသေးပေ။

 

ဓာတ်ပုံ – ပေးပို့