ပြည်ခိုင်ဖြိုး ပါတီဝင် သုံးဦးကို ငါန်းဇွန် PDF က သေနတ်နဲ့ပစ် ဓားနဲ့ခုတ် သတ်ဖြတ်ပြီး အလောင်းတွေသယ်လာတဲ့ လူနာတင်ယာဥ်ပါ မိုင်းခွဲ တိုက်ခိုက်ဆိုတဲ့ လုပ်ကြံသတင်း

Author မင်းထက်
Categories
Published on Jan 13, 2024

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင်  ပြည်ခိုင်ဖြိုး ပါတီဝင် မိသားစု သုံးဦးကို ငါန်းဇွန် PDF က သေနတ်နဲ့ပစ် ဓားနဲ့ခုတ် သတ်ဖြတ်ပြီးနောက်မှာ ထိုအလောင်းတွေသယ်လာတဲ့ လူနာတင်ယာဥ်ကိုပါ မိုင်းခွဲ တိုက်ခိုက်ဆိုတဲ့ သတင်းမှားတစ်ခုကို စစ်တပ်လော်ဘီ Telegram Channel တွေကနေ  ဇန်နဝါရီ ၁၂ ရက်နေ့ ည ၉ နာရီ ၁၃ မိနစ်ဝန်းကျင်မှာ တပြိုင်တည်း ဖြန့်ဝေလာခဲ့ကြပါတယ်။

 

“မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်မှာ USDP ပါတီဝင်လို့ဆိုတဲ့ မိသားစုဝင် ၃ ဦးကို ငါန်းဇွန် PDF တွေက သတ်ဖြတ်ပြီး အဲဒီ မိသားစုဝင်တွေရဲ့ ရုပ်အလောင်းကို သယ်ဆောင်ပေးတဲ့ လူမှုကူညီရေးအသင်းယာဥ်ကိုပါ ထပ်မံ မိုင်းခွဲတိုက်ခိုက်ခဲ့” ဆိုတဲ့ စာသားတွေနဲ့အတူ  စစ်ကောင်စီလော်ဘီ Myanmar Transparency News ကနေ  စတင်ဖြန့်ဝေလာတာကို တွေ့ရပါတယ်။ ဒီအချက်အလက်တွေကို စစ်ဆေးခဲ့ရာမှာ ယနေ့ ဇန်န၀ါရီလ   ၁၃ ရက်နေ့ မွန်းလွဲ  ၁နာရီ၀န်းကျင်မှာ Like & react ၃၅  ကျော် ၊  ကြည့်ရှုသူ ၄၀၀၀ ခန့်အထိ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

 

ကြည့်ရှုရန် — https://archive.ph/MhZyD

 

ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ခံထံ ဆက်သွယ်စုံစမ်းချက်အရ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ နာရေးကားဖြစ်တာကြောင့်သာ  မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ စစ်ကောင်စီလော်ဘီတွေက  တော်လှန်ရေးတပ်ဖွဲ့၀င်တွေနဲ့ ပြည်သူတွေကြား သွေးကွဲစေရန် ထင်ယောင်ထင်မှားဖြစ်စေဖို့ အတွက် အချက်အလက်တွေကို လိုသလိုအသုံးပြုပြီး ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် ရေးသားထားတာ တွေ့ရပါတယ်။

 

ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး  စိစစ်ခဲ့ရာမှာ သီးခြားလွတ်လပ်တဲက သတင်းအဖွဲ့အစည်းတွေရဲ့ ဖော်ပြချက်မှာက မန္တလေးတိုင်း ၊ ငါန်းဇွန်မြို့နယ်မှာ ဇန်၀ါရီလ ၁၁ ရက်နေ့  မွန်းလွဲ ၂ နာရီ‌ကျော်မှာ ငါးမြာကြီးစခန်းမှ နယ်ထိန်း ဗိုလ်အောင်သူရ မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ နာရေးကားတစ်စီးနဲ့ ဆိုင်ကယ်နှစ်စီးကို ပေါက်တောကျေးရွာနဲ့ ကုန်းလည်ကျေးရွာကြားမှာ မိုင်းခြောက်လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

 

သတင်းအပြည့်အစုံဖတ်ရှုရန် —

CJ Platform – https://bitly.ws/39Hos

Khit Thit Media – https://bitly.ws/39How

 

ဒီသတင်းမှားကို သတင်းတု၊ သတင်းမှား စစ်ဆေးတဲ့နည်းတွေနဲ့ စိစစ်ကြည့်တဲ့အခါမှာ သူတို့ဖန်တီးထားတဲ့  သတင်း အမျိုးအစားကတော့ အမှန်အကန် တင်ဆက်ချက်ကို မသက်ဆိုင်သော အခြေအနေ အခင်းအကျင်း တစ်ရပ်နဲ့ ချိတ်ဆက်ပြသထားတဲ့ အခြေအနေအခင်းအကျင်းအမှား ( False Context ) ဖြစ်နေတာ တွေ့ရပါတယ်။

 

အခုလိုမျိုး ပြည်သူတွေအကြား လုပ်ကြံဖန်တီးထားတဲ့ သတင်းမှား ပျံ့နှံ့နေတာတွေ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသင့်တဲ့အတွက် CJ Platform ရဲ့ “အလွယ်မယုံနဲ့” ကဏ္ဍကနေ စိစစ် ဖော်ပြလိုက်ရပါတယ်။

 

ပြည်သူတွေအနေနဲ့ မှန်လား/မှားလားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့ သတင်းမျိူးတွေ တွေ့ခဲ့ရင်လည်း CJ Platform Facebook Page မှာ လာရောက် မေးမြန်းထားလို့ ရပါတယ်။

 

အလွယ်မယုံလိုက်ကြနဲ့နော်။

Related News

Depend on news